Connect with us

Science & Technology

တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် နမူနာပစ္စည်းများ စုဆောင်းရန် လမျက်နှာပြင်ပေါ်သို့ ဆင်းသက်

Chang'e-5 အာကာသယာဉ် လမျက်နှာပြင်ပေါ်သို့ ဆင်းသက်နေသည်ကို တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်း အာကာသထိန်းချုပ်ရေးစင်တာ (BACC) မှ ဒီဇင်ဘာ ၁ ရက်တွင် ဓာတ်ပုံရိုက်ယူထားစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ်သည် လမျက်နှာပြင် အနီးဆုံးဘက်ခြမ်းသို့ ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး ဓာတ်ပုံများကို ပြန်လည်ပေးပို့နိုင်ခဲ့ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ကြေညာခဲ့သည်။

အဆိုပါ အာကာသယာဉ်သည် ည ၁၁:၁၁ နာရီတွင် အနောက်လောင်ဂျီကျု ၅၁.၈ ဒီဂရီနှင့် မြောက်လတ္တီကျု ၄၃.၁ ဒီဂရီအနီး ပြန်လည်ရွေးချယ်ထားသော ယာဉ်ဆင်းသက်မည့်နေရာ၌ ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း CNSA က ပြောကြားခဲ့သည်။တရုတ်နိုင်ငံက ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (orbiter) ၊ လပေါ်ဆင်းသက်ယာဉ် (lander) ၊ (ascender) နှင့် နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း (returner) တို့ကို ပေါင်းစည်းထားသော Chang’e-5 အာကာသယာဉ်အား နိုဝင်ဘာ ၂၄ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

 Chang’e-5 အာကာသယာဉ် လမျက်နှာပြင်ပေါ်သို့ ဆင်းသက်နေသည်ကို တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်း အာကာသထိန်းချုပ်ရေးစင်တာ (BACC) မှ ဒီဇင်ဘာ ၁ ရက်တွင် ဓာတ်ပုံရိုက်ယူထားစဉ် (ဆင်ဟွာ)

 Chang’e-5 အာကာသယာဉ် လမျက်နှာပြင်ပေါ်သို့ ဆင်းသက်နေသည်ကို တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်း အာကာသထိန်းချုပ်ရေးစင်တာ (BACC) မှ ဒီဇင်ဘာ ၁ ရက်တွင် ဓာတ်ပုံရိုက်ယူထားစဉ် (ဆင်ဟွာ)

ဒီဇင်ဘာ ၁ ရက် ည ၁၀:၅၇ နာရီတွင် Chang’e-5 ၏ lander-ascender ပေါင်းစပ်ယာဉ်သည် လကမ္ဘာမျက်နှာပြင်အထက် ၁၅ ကီလိုမီတာခန့်မှ အင်ဂျင်စက်နှိုးခြင်းနှင့်အတူ ဆင်းသက်ခြင်းလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့သည်။အဆိုပါ အာကာသယာဉ်သည် ဆင်းသက်စဉ်အတွင်း လကမ္ဘာမျက်နှာပြင်သို့ ချိန်ညှိကာ ချဉ်းကပ်သွားခဲ့သည်။ အလိုအလျောက် ရှာဖွေခြင်းနှင့် အတားအဆီးများကို အမျိုးအစားခွဲခြားပြီးနောက် ယင်းအာကာသယာဉ်သည် လ၏အနီးဝန်းကျင်ရှိ သမုဒ္ဒရာမုန်တိုင်းများဟု လူသိများသော Oceanus Procellarum ရှိ Mons Rumker ၏ မြောက်ဘက်ပေါ်၌ နေရာရွေးချယ်ကာ ဆင်းသက်ခဲ့သည်။

 Chang’e-5 အာကာသယာဉ် လမျက်နှာပြင်ပေါ်သို့ ဆင်းသက်နေသည်ကို တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပေကျင်း အာကာသထိန်းချုပ်ရေးစင်တာ (BACC) မှ ဒီဇင်ဘာ ၁ ရက်တွင် ဓာတ်ပုံရိုက်ယူထားစဉ် (ဆင်ဟွာ)

ယာဉ်ဆင်းသက်ခြင်းလုပ်ငန်းစဉ်အတွင်း လပေါ်ဆင်းသက်ယာဉ်ပေါ်တွင်ပါရှိသော ကင်မရာများသည် ယာဉ်ဆင်းသက်ဧရိယာ ဓာတ်ပုံများကို ရိုက်ယူခဲ့ကြောင်း CNSA က ဆိုသည်။ မြေပြင်ထိန်းချုပ်မှုအရ လပေါ်ဆင်းသက်ယာဉ်သည် အခြေအနေကို စစ်ဆေးခြင်းများနှင့် ဆောင်ရွက်ခြင်းလုပ်ငန်းများစွာ လုပ်ဆောင်ခဲ့ပြီး လမျက်နှာပြင်ပေါ်တွင် ၄၈ နာရီခန့်ကြာ အလုပ်လုပ်နိုင်ရန် ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Chang’e-5 အာကာသယာဉ် လမျက်နှာပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ယာဉ်ပေါ်တွင်ပါရှိသော ကင်မရာဖြင့် ရိုက်ကူးထားသော ဓာတ်ပုံကို တွေ့ရစဉ် (ဓာတ်ပုံ – CNSA/Handout via Xinhua)

အလေးချိန် ၂ ကီလိုဂရမ်ခန့်ရှိသော နမူနာများကို စုဆောင်း၍ သိုလှောင်ခန်းအတွင်း လုံခြုံစွာသိမ်းဆည်းနိုင်မည်ဟု မျှော်မှန်းထားသည်။ ထို့နောက် ascender သည် ထွက်ခွာလာမည်ဖြစ်ပြီး ဂြိုဟ်ပတ်လမ်းကြောင်းတွင် orbiter-returner ပေါင်းစပ်ယာဉ်နှင့် ချိတ်ဆက်မည်ဖြစ်သည်။ စုဆောင်းရယူထားသော နမူနာများကို returner ထံသို့ လွှဲပြောင်းပြီးနောက်တွင် ascender မှာ orbiter-returner မှ ခွဲထွက်သွားမည် ဖြစ်သည်။

ထို့နောက် ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ်သည် ကမ္ဘာမြေသို့ returner ကို ပြန်လည်သယ်ဆောင်လာမည်ဟု ခန့်မှန်းထားသည်။ Returner သည် ကမ္ဘာ့လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီးနောက် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုးလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေရှိ Siziwang Banner စီရင်စုတွင် ဆင်းသက်မည်ဟု စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.