Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အာကာသယာဉ် လမျက်နှာပြင်ပေါ်မှ နမူနာပစ္စည်းများနှင့်အတူ ပြန်လည်ထွက်ခွာလာ

တရုတ်နိုင်ငံ၏ Chang'e-5 အာကာသယာဉ် လမျက်နှာပြင်မှ ထွက်ခွာလာသည့် သရုပ်ပြပုံကို တွေ့ရစဉ် (ဓာတ်ပုံ- CNSA/Handout via Xinhua)

ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ၏ ပထမဆုံး လမျက်နှာပြင်ပေါ်မှ နမူနာပစ္စည်းများကို သယ်ဆောင်လာသော အာကာသယာဉ်သည် ဒီဇင်ဘာ ၃ ရက်နှောင်းပိုင်းတွင် လမျက်နှာပြင်မှ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာနက ကြေညာခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ပြင်ပဂြိုဟ်တစ်ခုပေါ်မှ ပထမဆုံးထွက်ခွာလာသည့် တရုတ်နိုင်ငံ၏ အာကာသယာဉ်ဖြစ်လာသည်။
တရုတ်နိုင်ငံက ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (orbiter) ၊ လပေါ်ဆင်းသက်ယာဉ် (lander) ၊ လပေါ်မှနမူနာပစ္စည်းများနှင့် ပျံတက်ယာဉ် (ascender) နှင့် နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း (returner) တို့ကို ပေါင်းစည်းထားသော Chang’e-5 အာကာသယာဉ်အား နိုဝင်ဘာ ၂၄ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ lander-ascender ပေါင်းစပ်ယာဉ်သည် လမျက်နှာပြင်၏ အနီးဆုံးဘက်ခြမ်း၊ မုန်တိုင်းများ၏ သမုဒ္ဒရာဟု လူသိများသော Oceanus Procellarum ရှိ Mons Rumker ၏ မြောက်ဘက်ပေါ်၌ ဒီဇင်ဘာ ၁ ရက်က ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နမူနာပစ္စည်းများကို စုဆောင်း၊ သိမ်းဆည်းပြီးနောက် Chang’e-5 ယာဉ်၏ ascender သည် လမျက်နှာပြင်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး orbiter-returner နှင့်အတူ အလိုအလျောက် ပေါင်းစည်းချိတ်ဆက်၍ နမူနာပစ္စည်းများ တင်ပို့ခြင်းတို့ကို လကမ္ဘာပတ်လမ်းကြောင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ကာ မကြုံစဖူးသော စွမ်းဆောင်မှုတစ်ခုလည်းဖြစ်မည်ဟု မျှော်မှန်းထားသည်။

Chang’e-5 သည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေး သမိုင်းတွင် ရှုပ်ထွေးပြီး စိန်ခေါ်မှုအရှိဆုံး လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်သလို နှစ်ပေါင်း ၄၀ ကျော်အတွင်း ကမ္ဘာ့ပထမဆုံး လမျက်နှာပြင်-နမူနာပစ္စည်း ယူဆောင်ခြင်းလုပ်ငန်းလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)