Science & Technology
တရုတ် လေယာဉ် ထုတ်လုပ်သူ HAIG က ရုရှားသို့ လေယာဉ် ရောင်းမည်

ဟာဘင်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ် လေယာဉ် ထုတ်လုပ်သူ HAIG ( Harbin Aircraft Industry Group) က ရုရှား ကုမ္ပဏီ သို့ 15 Y-12E လေယာဉ် ရောင်းချရန် ဒီဇင်ဘာလ ၇ ရက်နေ့က လက်မှတ်ရေး ထိုးလိုက်ကြောင်း HAIG က ကြေညာလိုက် သည်။
AVIC (Aviation Industry Corporation of China) ၏ ကုမ္ပဏီခွဲ ဖြစ်သော ထို ကုမ္ပဏီက ရုရှားဈေးကွက် အတွက် လေကြောင်း အသုံး အဆောင် ပစ္စည်း၊ ပြင်ဆင်ရေး နှင့် ရောင်းချပြီးနောက် ဝန်ဆောင်မှု လုပ်ငန်းတို့လည်း ရုရှား၏ Fly AVIA FZE နှင့် စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ရောင်းချပြီးသည့် လေယာဉ်အား ၂၀၁၇ ခုနှစ်တွင် လွှဲပြောင်း ပေးမည်ဖြစ်ပြီး စာချုပ်တန်ဖိုးသည် ယွမ်သန်း ၅၅၀ (အမေရိကန် ဒေါ်လာ ၈၇.၃ သန်းခန့်) ရှိကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။
ခရီးတို ပျံသန်းသည့် Y-12 စီးရီး လေယာဉ်သည် ခရီးသည်တင် နှင့် ကုန်ပစ္စည်းတင်ရန်၊ ဘူမိဗေဒဆိုင်ရာ ရှာ ဖွေခြင်း၊ ပင်လယ်ပြင် လေ့လာစောင့်ကြည့်ခြင်း နှင့် စိုက်ပျိုးရေး လုပ်ငန်း စသည်တို့၌ အဓိက အသုံးပြုခြင်း ဖြစ် သည်။
ထို လေယာဉ်သည် ရုရှား၊ အမေရိကန်၊ ပြင်သစ် နှင့် ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်တွင် အသိအ မှတ်ပြုခြင်း ခံထားရသည်။ (Xinhua)