Connect with us

Science & Technology

ငှက်ဖျားတိုက်ဖျက်ရေး ပူးတွဲအားထုတ်ကြရန် တရုတ် နိုဘယ်လ်ဆုရှင် တူယိုယို တိုက်တွန်း

တူယိုယိုအား နိုဘယ်ဖိုရမ် သတင်းစာ ရှင်းလင်းပွဲတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

စတော့ခ်ဟိုလ်မ်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ငှက်ဖျားတိုက်ဖျက်ရေး ပူးတွဲအားထုတ်ရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ရူပဗေဒနှင့် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုရှင် တရုတ်နိုင်ငံသား အမျိုးသမီး ဆေးပညာရှင် တူယိုယိုက ဒီဇင်ဘာလ ၆ ရက်က ပြောကြားလိုက် သည်။

ကာရိုလင်းစကား အင်စတီကျု့တွင် ပြုလုပ်သည့် နိုဘယ်လ် ဖိုရမ်တွင် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုရရှိသူ ဝီလျံစီကမ့်ဘဲလ် နှင့် ဆာတိုရှီ အိုမူရာတို့နှင့် အတူပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တူက ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ငှက်ဖျားဟာ တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေပြီး အထူးသဖြင့် အာဖရိက ကဲ့သို့ ဝင်ငွေနည်း ဒေသများတွင် အလွယ်တကူ ထိန်းချုပ်၍ မရနိုင်ပါဘူး၊ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ လမ်းညွှန်မှုအောက်မှာ အဖွဲ့ အစည်းများအားလုံး ဒီရောဂါ နှောင့်နှေးသွားဖို့ အကောင်းဆုံး လုပ်ဆောင်သွားသင့်တယ်” ဟု တူယိုယိုက ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ဆက်လက်၍ လာမည့် ဆယ်စုနှစ်အတွင်း ဆေးဝါးအသစ် ဖော်ထုတ်နိုင်ဖို့က ခက်ခဲကြောင်း၊ ငှက်ဖျား ရောဂါက ပိုပြီး ကျယ်ပြန့်လာမယ်ဆိုရင် ဒါဟာ အရမ်းကို နောက်ကျနေပြီ ဖြစ်ကြောင်းနှင့် ရလဒ်ကောင်းထွက် လာဖို့ ၎င်းအနေဖြင့် အလွန်စိုးရိမ်ကြောင်း ဖြည့်စွက် ပြောခဲ့သည်။

ငှက်ဖျားတိုက်ဖျက်ရေး ဆေးဝါး အောင်မြင်ခြင်းနှင့် အရင်းအမြစ်အဖြစ် တွေ့ရှိခဲ့သည့် တရုတ် ရိုးရာ ဆေးပညာ (Traditional Chinese Medicine-TCM) အကြောင်း ပြောကြားရာတွင် ၎င်းက TCM ၏တန်ဖိုးအား အလေး အနက်ထားသလို ယင်းကို ခေတ်မီ သိပ္ပံနည်းပညာများ ပေါင်းစပ်၍ ဆေးဝါးသစ် ရှာဖွေရာတွင် အလားအလာ များရှိကြောင်း တူယိုယိုက ဆိုပါသည်။

တူယိုယိုသည် ငှက်ဖျားတိုက်ဖျက်ရေး ကုထုံးအား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြင့် ၂၀၁၅ ခုနှစ် ရူပဗေဒ သို့မဟုတ် ဆေး ပညာ နိုဘယ်လ်ဆုအား အောက်တိုဘာလ အစောပိုင်းက ရရှိခဲ့သည်။ တူသည် နိုဘယ်လ်ဆုအား ကြာသပ တေး (ဒီဇင်ဘာလ ၁၀ ရက်) နေ့တွင် ပြုလုပ်မည့် နိုဘယ်လ်ဆု ချီးမြှင့်ခြင်း အခမ်းအနားတွင် လက်ခံမည် ဖြစ် ပြီး နိုဘယ်လ် ညစာ စားပွဲနှင့် တော်ဝင် ညစာစားပွဲသို့ တက်ရောက်ရန် စီစဉ်ထားပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.