Connect with us

Science & Technology

တရုတ်နိုင်ငံက inactivated COVID-19 ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေ

တရုတ်နိုင်ငံ အမျိုးသား ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းစု၏ ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံတစ်ခုတွင် COVID-19 ရောဂါကာကွယ်ဆေး inactivated vaccine နမူနာ စမ်းသပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ဇွန် ၂ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ COVID-19 ရောဂါကာကွယ်ဆေးဖြစ်သော ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးမည့် inactivated vaccine ကို လက်တွေ့စမ်းသပ်မှုများ ပြီးစီးရန်နှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရန် ယခုနှစ် နှစ်ကုန်ပိုင်း သို့မဟုတ် နောက်နှစ် နှစ်ဆန်းပိုင်းတွင် အသင့်အနေအထားရောက်ရှိမည်ဟု မျှော်မှန်းထားကြောင်း တရုတ်အမျိုးသား ဇီဝနည်းပညာအုပ်စု (CNBG) ၏ အဆိုအရ သိရသည်။

တရုတ်နိုင်ငံ အမျိုးသား ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းစု (Sinopharm) ၏ လုပ်ငန်းခွဲ ဖြစ်သည့် CNBG တွင် COVID-19 အတွက် ကိုယ်ခံအားစနစ်မြှင့်တင်ပြီး ရောဂါခုခံနိုင်စွမ်းပေးသည့် Inactivated ကာကွယ်ဆေးနှစ်မျိုးသည် လက်တွေ့အသုံးပြုရန် စမ်းသပ်မှု အဆင့်၂  သို့ရောက်ရှိနေပြီး  ကာကွယ်ဆေးထုတ်လုပ်မှုအပိုင်းကိုလည်း အရှိန်မြှင့်တင်လျက်ရှိကြောင်း သိရသည်။ 

လူဦးရေ ၂,၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးနှံပြီး ဘေးကင်းမှုနှင့် ဆေးအာနိသင်များအရ ယင်း၏ဘေးထွက်ဆိုးကျိုးမှာ အခြားသော အလားတူ ကာကွယ်ဆေးများထက် ပို၍ လျော့နည်းကြောင်း ကုမ္ပဏီက ဆိုသည်။ကုမ္ပဏီအနေဖြင့် ကာကွယ်ဆေးထုတ်လုပ်နိုင်မှု တိုးမြှင့်နိုင်ရန် ပေကျင်းတွင် အဆင့်မြင့် ဇီဝဘေးကင်းရေး အကာအကွယ်လိုအပ်ချက်များနှင့်အညီ ထုတ်လုပ်ရေးစက်ရုံကြီး တစ်ခုကို တည်ဆောက်ပြီးဖြစ်သည်။ အဆိုပါ စက်ရုံတွင် တစ်နှစ်လျှင်   COVID-19 ကာကွယ်ဆေး သန်း ၁၀၀ မှ သန်း ၁၂၀ အထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ဝူဟန့်မြို့ရှိ နောက်ထပ် ကာကွယ်ဆေးစက်ရုံသည်လည်း  ဇွန်လကုန် သို့မဟုတ် ဇူလိုင်လအစောပိုင်းတွင် ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားသည်။ စက်ရုံ နှစ်ခုပေါင်းဆိုပါက  တစ်နှစ်လျှင်  COVID-19 ရောဂါကာကွယ်ဆေး သန်း၂၀၀ ထုတ်လုပ်နိုင်ဖွယ်ရှိပြီး လုံလောက်သော ထောက်ပံ့မှုကို အသေအချာပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.