Connect with us

Science & Technology

တရုတ်နိုင်ငံ၏ IoT ဆိုင်ရာ ဂြိုဟ်တုများ ဂြိုဟ်ပတ်လမ်းကြောင်းစမ်းသပ်မှု အဆင့် ၁ ပြီးစီး

ရှင်းယွင်-၂ (Xingyun-2) ဂြိုဟ်တု အမှတ် ၁ နှင့် အမှတ် ၂ တို့အား Kuaizhou-1A (KZ-1A) သယ်ဆောင်ရေးဒုံးပျံဖြင့် သယ်ဆောင်ကာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မေ ၁၂ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အာကာသအခြေစိုက် အင်တာနက်ချိတ်ဆက်ပစ္စည်းများ (IoT) စီမံကိန်းအတွက် ဂြိုဟ်တုနှစ်စင်းသည် ဂြိုဟ်ပတ်လမ်းကြောင်းတွင် စမ်းသပ်မှုအဆင့် ၁ ကို အောင်မြင်စွာပြီးစီးသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အာကာသ သိပ္ပံနှင့် စက်မှုလုပ်ငန်းကော်ပိုရေးရှင်းမှ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ရှင်းယွင်-၂ (Xingyun-2) အမှတ် ၁ နှင့် အမှတ် ၂ ဂြိုဟ်တုနှစ်စင်းကို ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ မေ ၁၂ ရက်က Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ 

အင်ဂျင်နီယာများက ဂြိုဟ်တုပလက်ဖောင်းများ၊ ဂြိုဟ်တုတွင်ပါဝင်သောပစ္စည်းများနှင့် ဂြိုဟ်တုချင်းချိတ်ဆက်မှုများကဲ့သို့ အဓိကနည်းပညာများကို စမ်းသပ်ခဲ့ပြီးဖြစ်သည်။ ရလဒ်များက မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့ကြောင်း ကော်ပိုရေးရှင်းက ဆိုသည်။ 

တရုတ်နိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်တည်ဆောက်မှု၊ အာကာသအခြေစိုက် IoT လုပ်ငန်းဖြစ်သော ရှင်းယွင်စီမံကိန်းပြီးမြောက်စေရန် နောက်ထပ် ဂြိုဟ်ပတ်လမ်းကြောင်း စမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါစီမံကိန်းအား အသုံးပြု၍ IoT စီးပွားရေးလုပ်ငန်းများ၏ မမြင်ရသော ဆက်သွယ်ရေးဇုန်ရှိ ပြဿနာများကို ဖြေရှင်းရန် မျှော်မှန်းထားသည်။ 

ရှင်းယွင်စီမံကိန်းသည် ၂၀၂၃ ခုနှစ်ခန့်တွင် ဂြိုဟ်ပတ်လမ်းကြောင့်နိမ့် ဂြိုဟ်တု အစင်း ၈၀ ပါဝင်သည့် အာကာသအခြေစိုက် IoT လုပ်ငန်းစု တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။  

ရှင်းယွင်-၂ ဂြိုဟ်တု အမှတ် ၁ နှင့် အမှတ် ၂ တို့သည် ဂြိုဟ်ပတ်လမ်းကြောင်းရှိ အလှမ်းကွာဝေးသော ဂြိုဟ်တုများအချင်းချင်း ဆက်သွယ်ရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ အချိန်နှင့်တစ်ပြေးညီ အဆင့်မြှင့်တင်မှု လုပ်ဆောင်နိုင်စေမည့် ဂြိုဟ်တုအချင်းချင်း လေဆာဆက်သွယ်မှုနည်းပညာကို အသုံးပြုထားကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.