Connect with us

Science & Technology

တရုတ်နိုင်ငံက ကြယ်တာရာဆိုင်ရာ အလုံးစုံလမ်းညွှန်မြေပုံစနစ်သုံး BDS ဂြိုဟ်တုလွှတ်တင်

တရုတ်နိုင်ငံက ၂၀၂၀ ပြည့်နှစ် ဇွန် ၂၃ ရက်တွင် တည်နေရာမြေပုံညွှန်းပြစနစ်သုံး BDS ဂြိုလ်တုလွှတ်တင်နေစဉ်(ဆင်ဟွာ)

 

စီချွန်း ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ယနေ့ ဇွန် ၂၃ ရက် ပေကျင်းစံတော်ချိန် ၉ နာရီ ၄၃ မိနစ်တွင် နိုင်ငံအနောက်တောင်ပိုင်း စီချွန်းပြည်နယ်ရှိ စီချွန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ BeiDou လမ်းညွှန်မြေပုံဂြိုလ်တုစနစ်(BDS) ၏ နောက်ဆုံးဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့ကြောင်း ၊ ယင်းသည် အလုံးစုံ ကိုယ်ပိုင် ကမ္ဘာလုံးဆိုင်ရာ မြေပုံညွှန်းစနစ် တပ်ဆင် အသုံးပြုထားသော ဂြိုဟ်တုတစ်စင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂြိုဟ်တုသည် BeiDou မိသားစုဝင်၏ ၅၅ စင်းမြောက်ဂြိုဟ်တုဖြစ်ပြီး တရုတ်ဘာသာဖြင့် လမ်းကျဉ်းလေးတွင် လျင်လျင်မြန်မြန်သွားလာနိုင်သော ရထားငယ် “ Big Dipper” ဟုအဓိပ္ပါယ်ဆောင်ကြောင်း ၊ ယင်းအားဂြိုလ်ပတ်လမ်းအတွင်းရောက်ရှိအောင်  Long March-3B ဒုံးပျံထိပ်ဖူးတစ်စင်းက အောင်မြင်စွာ သယ်ယူ ပို့ဆောင်ပေးခဲ့ကြောင်း လွှတ်တင်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။

“လွှတ်တင်ရေးလုပ်ငန်းစဉ်တစ်ခုလုံး အပြည့်အဝ အောင်မြင်ပါတယ်” ဟုစင်တာက ဆိုသည်။ ယနေ့ လွှတ်တင်မှုသည် Long March ဒုံးပျံထိပ်ဖူးအသုံးပြု၍ ၃၃၆ ကြိမ်မြောက် ဂြိုဟ်တုလွှတ်တင်ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)