Connect with us

Science & Technology

၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံနှင့် အာဆီယံအကြား ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

တရုတ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဝန်ကြီး မြောင်ဝေအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် ယခုနှစ်အတွင်း ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဇွန် ၁၂ ရက်က ပြုလုပ်ခဲ့သည့် တရုတ်-အာဆီယံ ဒီဂျစ်တယ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှစ် အွန်လိုင်းဖွင့်ပွဲအခမ်းအနားအရ သိရသည်။

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် 5G ၊အင်တာနက်ချိတ်ဆက်ပစ္စည်းများ ၊ ဉာဏ်ရည်တု၊ စက်မှုလုပ်ငန်းဆိုင်ရာ အင်တာနက်နှင့် ဒီဂျစ်တယ် ကူးစက်ရောဂါကာကွယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဝန်ကြီး မြောင်ဝေက ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် အာဆီယံ၏ ဒီဂျစ်တယ် စီးပွားရေးသည် ၂၀၁၅ ခုနှစ်တွင် ရှိခဲ့သော GDP  ၁.၃ ရာခိုင်နှုန်းမှ ၈.၅ ရာခိုင်နှုန်း အထိ တိုးတက်လာရန် မျှော်မှန်းထားကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi က ပြောခဲ့သည်။ 

တရုတ်နိုင်ငံသည် ဒီဂျစ်တယ် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုတွင်  ထိပ်ဆုံး၌ရှိနေပြီး ဒေသတွင်း ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးမှုမြှင့်တင်ရာတွင် အာဆီယံ၏ တန်ဖိုးရှိသော မိတ်ဖက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ပြီး ဇန်နဝါရီမှ မေလအတွင်း ကုန်သွယ်မှုအနေဖြင့် မနှစ်ကထက် ၄.၂ ရာခိုင်နှုန်းမြင့်တက်လာကာ ယွမ် ၁.၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၄၁ ဘီလီယံခန့်) သို့ မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု၏ ၁၄.၇ ရာခိုင်နှုန်းရှိကြောင်း အကောက်ခွန်အချက်အလက်များအရ သိရသည်။  (Xinhua)