Science & Technology
၂၀၁၉ ကမ္ဘာ့IOT (Internet of Things) ပြပွဲကို တရုတ်နိုင်ငံတွင် ကျင်းပမည်

ပေကျင်း၊ ဇူလိုင် ၈ရက် (ဆင်ဟွာ)
၂၀၁၉ World Internet of Things (WIOT) ပြပွဲကို တရုတ်နိုင်ငံ၏ အရှေ့ဘက် ကျန်းဆူးပြည်နယ်၊ ဝူရှီးမြို့တွင် စက်တင်ဘာ ၇ ရက် မှ ၁၀ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ပြပွဲသည် တစ်နေရာတည်းတွင် မိုဘိုင်းအင်တာနက် နှင့် ချိတ်ဆက်သည့်နည်းပညာ Internet of Things (IoT)၊ အင်တာနက်နည်းပညာသုံးမော်တော်ကား (IoV) တို့ကို ဦးတည်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
စက်မှုလက်မှုသတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာနက မေလအစောပိုင်းတွင် ဝူရှီးမြို့ ကို IoV ဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့ပြေးဒေသအဖြစ် အတည်ပြုခဲ့သည်။
အဆိုပါပြပွဲတွင် သမာရိုးကျကားထုတ်လုပ်သူများ၊ လျပ်စစ်ကားထုတ်လုပ်သူများ နှင့် အင်တာနက်နည်းပညာသုံးမော်တော်ကားထုတ်လုပ်သူများ (IoV) အတွက် IoV စက်မှုနည်းပညာနယ်ပယ်မှ အောင်မြင်မှုအသစ်များကို ထုတ်ဖော်ပြသနိုင်လိမ့်မည်ဖြစ်သည်။
၎င်းပြပွဲသို့ နိုင်ငံပေါင်း ၃၀ကျော်မှ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၅၀၀ ကအဆိုပါပြပွဲတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဉာဏပစ္စည်းဆိုင်ရာစက်မှုထုတ်ကုန်များ(Intelligent Manufacturing)၊ ဉာဥမှတ်ဉာဏ်စနစ်သုံး စက်ရုပ်များ၊ သတင်းအချက်အလက်လုံခြုံရေး၊ ဧရာမအချက်အလက်သိမ်းဆည်းရေးစနစ် နှင့် 5G အင်တာနက်ကွန်ရက် စသည့် အကြောင်းအရာများ ကိုဆွေးနွေးသွားမည်ဖြစ်သည်။
၎င်းပြပွဲကိုနိုင်ငံ နှင့်ဒေသပေါင်း ၃၀ ကျော်တို့မှ ဧည့်သည်များအပါအဝင် ဧည့်သည်စုစုပေါင်း ၁၈၀,၀၀၀ တက်ရောက်မည် ဟုခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)