Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ရာစုနှစ် သက်တမ်းရှိ စက်မှုမြို ့အား အဆင့်မြင့်နည်းပညာများဖြင့် ခေတ်မီတိုးတက်အောင်ဆောင်ရွက်လျက်ရှိ


ရှီကျားကျွမ်း ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

ရာစုနှစ်သက်တမ်းရှိသော နံပါတ်(၁) နေရာ၌ ရပ်တည်နေသည့် နက်ရှိုင်းသောမြေအောက်မှ ခိုင်လျွန်(Kailuan) ကျောက်မီးသွေးတွင်း၌ တွင်းထွက်ပစ္စည်းများကို ရစ်ဘီးလုံး ဝန်ချီစက်များအသုံးပြု၍ မြေပေါ်သို့အဆင့်ဆင့်သယ်ဆောင်လျက်ရှိသည်ကို တွေ့ရပေမည်။ ယင်းကျောက်မီးသွေးတွင်းတည်ရှိရာ ထန်ဆန်းမြို့(Tangshan) သည် သက်တမ်းကြာရှည်ပြီဖြစ်သည့် စက်မှုမြို့တော်တစ်ခုဖြစ်သကဲ့သို့ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်စရာနေရာတစ်ခုလည်း ဖြစ်နေပေသည်။

ခိုင်လျွန်ကျောက်မီးသွေးတွင်းတွင် အထက်ပါဝန်ချီစက်ယန္တရားအမျိုးအစားများအား ၁၈၈၁ ခုနှစ်မှ စတင်၍ တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင်လည်းခေတ်မီစက်မှုအမွေအနှစ်လက္ခဏာတစ်ရပ်အဖြစ်လည်း ဆိုနိုင်ကာ ၎င်းတွင် တရုတ်နိုင်ငံ၏ ပထမဆုံးနိုင်ငံတကာအဆင့်မီ အကျယ်ရှိသော ရထားလမ်းလည်း ပါဝင်သည်။

ထို့ပြင် ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းသည် သတ္တုတွင်းကုမ္ပဏီ၏ တစ်စိတ်တစ်ပိုင်းသော အားထုတ်မှု နှင့် ထန်ဆန်းမြို့၏ကွဲပြားခြားနားပြောင်းလဲနေသော ဖွံ့ဖြိုးတိုးတက်မှုတို့လည်း ဖြစ်စေခဲ့သည်။

ဂျာမနီနိုင်ငံ၏ ရိုင်းဒေသ(Ruhr) ဒေသနည်းတူ ပေကျင်းမြို့၏ အရှေ့ဘက်တွင်တည်ရှိသော ထန်ဆန်းမြို့သည် ကျောက်မီးသွေး ၊ သံမဏိ နှင့် ဓါတုထုတ်ကုန်များ အဓိကထုတ်လုပ်ရာ တရုတ်နိုင်ငံ၏ ရှေးကျသော စက်မှုအခြေခံမြို့ကြီး ဖြစ်ခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် ထုတ်ကုန်ပုံစံပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစွာလုပ်ဆောင်ခဲ့ခြင်းနှင့်အတူ ကမ်းရိုးတန်းမြို့ဖြစ်သော ထန်ဆန်းမြို့သည် ၎င်း၏ အစဉ်အလာ လုပ်ငန်းနယ်ပယ်များကို အဆင့်မြှင့်တင်ခြင်း ၊ လေထုညစ်ညမ်းမှုကို လျှော့ချခြင်း နှင့် ရင်းနှီးမြှုပ်နှံမှု ချဲ့ထွင်ခြင်း ၊ တီထွင်ဆန်းသစ်ခြင်းများ နှင့် ဘက်စုံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများမှ တစ်ဆင့် ကဏ္ဍသစ်များပေါ်ထွန်းရေးအတွက် အားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲဘေပြည်နယ်ထန်ဆန်းမြို့(Tangshan) အတွင်းရှိ အလှအပမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲဘေပြည်နယ်ထန်ဆန်းမြို့(Tangshan) အတွင်းရှိ အလှအပမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲဘေပြည်နယ်ထန်ဆန်းမြို့(Tangshan) အတွင်းရှိ အလှအပမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

အခက်အခဲအခြေအနေများကိုကျော်လွန်ခြင်း

ခိုင်လျွန်(Kailuan) ကျောက်မီးသွေးတွင်းသည် ပြီးခဲ့သော ဆယ်စုနှစ် ၇ ခုနှစ်အတွင်း ကျောက်မီးသွေးအရိုင်းတုံး တန်ချိန် ၁.၆၇ ဘီလီယံ နှင့် သန့်စင်ပြီး ကျောက်မီးသွေး တန်ချိန် ၄ဝ၈ သန်း ထုတ်လုပ်ပေးခဲ့သည်။

အဆိုပါ သတ္တုတွင်းသည် မကြာသေးခင်နှစ်များက အရင်းအမြစ်များ လျော့ပါးလာပြီး စံချိန်စံညွှန်းမပြည့်မီခြင်း အခက်အခဲဖြင့်ကြုံတွေ့ခဲ့ရသည်။ “ အသွင်အပြင်ပြောင်းလဲမှုများပြုလုပ်ရန် အထူးပင် ဖိအားပေးလာပါတယ် ” ဟု ခိုင်လျွန်ကုမ္ပဏီလီမီတက်၏ အကြီးတန်းအမှုဆောင်တစ်ဦးဖြစ်သူ ZhangYuliang ကဆိုသည်။

ထို့ကြောင့်လည်း အသွင်သဏ္ဍာန်အခင်းအကျင်းပြောင်းလဲဆောင်ရွက်မှုကို တွန်းအားပေးရန်မြှင့်တင်ရန် ကုမ္ပဏီအနေဖြင့် ၂ဝ၁၇ ခုနှစ်တွင် ၎င်း၏ အရေးကြီးဆုံးသော ကျောက်မီးသွေး ၊ ကျောက်မီးသွေးဓါတုစက်မှုထုတ်ကုန် နှင့် ခေတ်မီဝန်ဆောင်မှုလုပ်ငန်းများတွင် ခေတ်မီစက်ကိရိယာများ နှင့်နည်းပညာ အသုံးပြုခြင်း နှင့် စွမ်းအင်းသစ် နှင့် ပစ္စည်းအမယ်သစ်များကဲ့သို့ မဟာဗျူဟာမြောက် နည်းပညာမြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးတို့ကို လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။

“ ပူးပေါင်းသုတေသနအဖွဲ့ဟာ စက်မှုလုပ်ငန်းနယ်ပယ်ကို တိုးချဲ့နိုင်ဖို့ အမြင့်ဆုံးအရည်အသွေးရှိ ကျောက်မီးသွေးဓါတုထုတ်ကုန်အသစ်များ ဖွံ့ဖြိုးလာစေရေး ရည်ရွယ်ပြီး တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်’’ ဟု Zhang က ဆိုသည်။

ကုမ္ပဏီအနေဖြင့် သတ္တုတွင်း ရှေ့ပြေးစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ၎င်း၏ကုမ္ပဏီခွဲများကို ပြုပြင်ပြောင်းလဲမှုဖြင့် စုပေါင်းပိုင်ဆိုင်မှုကိုဆောင်ရွက်ကာ အိန္ဒိယ နှင့် ကာဂျစ်စတန်နိုင်ငံတို့တွင် သတ္တုတွင်း လုပ်ငန်းဆက်စပ်ဝန်ဆောင်မှု စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြင့် ကမ္ဘာသို့ပါ ခြေလှမ်းဆန့်ခဲ့သည်။

ပြီးခဲ့သော နှစ်တွင် ကုမ္ပဏီသည် ဝင်ငွေတရုတ်ယွမ် ၇၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ) ရရှိခဲ့သည်။ ကျောက်မီးသွေးဓာတုလုပ်ငန်းကဏ္ဍမှ စုစုပေါင်းဝင်ငွေ၏ လေးပုံတစ်ပုံရရှိခဲ့ပြီး ထို့မတိုင်ခင်နှစ်ကထက် ဝင်ငွေ ၁၄၆ ရာခိုင်နှုန်းအထိ အကျိုးအမြတ်ရှိခဲ့ပြီး ကုန်စည်ပို့ဆောင်ရေးကဏ္ဍအတွက် အမြတ်ငွေ တရုတ်ယွမ် ၄ဝ ဘီလီယံကျော်ထိ ရရှိအောင် ဖန်တီးပေးနိုင်ခဲ့သည်။

တရုတ်နိုင်ငံသည် ရောင်းချနိုင်စွမ်းထက် ကျော်လွန်ထုတ်လုပ်နေသော အဓိကလုပ်ငန်းများတွင် ထုတ်လုပ်မှု လျှော့ချရေးအစီအစဉ်အဖြစ် ၂ဝ၁၅ ခုနှစ်နှောင်းပိုင်းတွင် အခွန်လျှော့ချမှုအသွင်သဏ္ဍာန် ပြုပြင်ပြောင်းလဲခြင်းကို ဆောင်ရွက်ခဲ့ရာ ခိုင်လျွန်သတ္တုတွင်းသည် ၂ဝ၁၆ ခုနှစ် မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ကျောက်မီးသွေး ထုတ်လုပ်မှုကို တန်ချိန် ၁၈.၅၅ သန်းအထိ လျှော့ချခဲ့ပြီး အလုပ်သမား ၂၅ဝဝဝ ကျော်အပေါ် သက်ရောက်မှုရှိခဲ့သည်။

“ ပြုပြင်ပြောင်းလဲရေး ပထမ ၂ နှစ်တာကာလမှာ ခိုင်လျွန်ဟာ အခက်အခဲများစွာနဲ့ကြုံတွေ့ခဲ့ရတယ်။တစ်ခါတစ်ရံ နောက်ကျပြီးမှ ကျွန်တော် လစာရတယ်”ဟု ကုမ္ပဏီ၏ လျှပ်စစ် နှင့် စက်မှုဌာန ကြီးကြပ်ရေးမှူး Li Wei က ဆိုသည်။

“ ဒီနေ့အချိန်မှာတော့ ခိုင်လျွန်ဟာ ကျွန်တော့်အဖေ နဲ့အဖိုးလက်ထက်က ပုံစံမျိုးနဲ့တော်တော်လေး ကွဲပြားခြားနားသွားပါပြီ။အလုပ်သမားတွေအများကြီးမလိုတော့ပါဘူး။ဒါပေမယ့်တီထွင်ဆန်းသစ်မှုနည်းပညာပဲ လိုအပ်ပါတယ်” ဟု ၂ဝဝ၈ ခုနှစ်တွင် Hebei တက္ကသိုလ်၌ စက်မှုအင်ဂျင်နီယာဘာသာရပ်ဖြင့်ဘွဲ့ရပြီး ခိုင်လျွန်တွင် ဝင်ရောက်လုပ်ကိုင်နေသည့် Li က ဆိုသည်။

နည်းပညာမြင့် အလိုအလျှောက်ထုတ်လုပ်မှုစနစ်ကို ၁၉၄၃ ခုနှစ်တွင် ထန်ဆန်းမြို့၌အခြေစိုက် တည်ထောင်ခဲ့သည့် ကြီးမားသော သံမဏိစက်ရုံတစ်ခုဖြစ်သော HBIS ကုမ္ပဏီ၏ ကူညီပံ့ပိုးမှုဖြင့် အဆင့်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။ အဆင့်မြင့်နည်းပညာသုံး မော်တော်ယာဉ် ပလိတ်ပြားထုတ်လုပ်မှုစက်ရုံအတွက် တစ်နှစ်လျှင် သံမဏိတန်ချိန် ၁.၈ သန်း ထုတ်လုပ်ပေးကာ Tangsteel စက်ရုံသည် အလိုအလျှောက်ထုတ်လုပ်မှုနည်းပညာနှင့်အတူ ထန်းဆန်မြို့၌ အထင်ကရ အမှတ်အသားတစ်ခုဖြစ်ခဲ့သည်။

“ နည်းပညာပိုင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ဖို့ကြီးမားတဲ့ အားထုတ်မှုတွေ ပြုလုပ်ထားတဲ့ အပြင် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် ထုတ်ကုန်များ မြှင့်တင်ရေးနဲ့တက္ကသိုလ်ကောလိပ်များ နဲ့ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပြုလုပ်နေပါတယ်” ဟု ကမ္ဘာ့အကြီးဆုံးသံမဏိလုပ်ငန်းများထဲက တစ်ခုအပါအဝင်ဖြစ်သည့် Hebei သံ နှင့် သမဏိ လုပ်ငန်းစု(HBIS) အကျိုးတူကုမ္ပဏီ၏ ဥက္ကဋ္ဌ Wang Lanyu က ဆိုသည်။

၂ဝ၁၈ ခုနှစ်တွင် Tangsteel ကုမ္ပဏီသည် အဆင့်မြင့်သံမဏိထုတ်ကုန် တန်ချိန် ၅.၇ သန်းထုတ်လုပ်ခဲ့ပြီး ယင်းမှာ သံမဏိထုတ်လုပ်မှုပမာဏအားလုံး၏ ၄၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ယင်းသံမဏိများကို မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများ နှင့် အိမ်သုံးပစ္စည်းများအတွက် ပံ့ပိုးပေးခဲ့ရာ စုစုပေါင်း သံမဏိထုတ်ကုန်များ၏ ၂၆ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ကုမ္ပဏီအနေဖြင့် ၂ဝ၁၈ ခုနှစ်တွင် အမြတ်ငွေ တရုတ်ယွမ် ၂ ဘီလီယံကျော်ရရှိခဲ့သည်။

“ အလုပ်ကြိုးပမ်းအားထုတ်လာတာနဲ့အမျှ Tangsteel ဟာ သာမန်ဆောက်လုပ်ရေး လုပ်ငန်းသုံး သံမဏိပစ္စည်းတွေကို ထုတ်လုပ်တဲ့အခြေအနေကနေ မော်တော်ယာဉ်ထုတ်လုပ်မှုနဲ့အိမ်သုံး ပစ္စည်းထုတ်လုပ်မှုအတွက် ခေတ်မီအဆင့်မြင့်နည်းပညာသုံးသံမဏိထုတ်လုပ်မှု အကြီးမားဆုံးကုမ္ပဏီတစ်ခုဖြစ်လာခဲ့တယ်” ဟု Wang က ဆိုသည်။

တိုးတက်မှုအတွက် မောင်းနှင်အားအသစ်များ

လူဦးရေ ၈ သန်းကျော်နေထိုင်သည့် ထန်ဆန်းမြို့က အရှေ့မြောက်အာရှဒေသတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် အကောင်းဆုံးသော ဝင်ပေါက်တံခါးမြို့တော်ကြီး ဖြစ်လာရန် ရည်ရွယ်ထားသလို Bohai Rim ဒေသကို အခြေခံ၍ စက်မှုလုပ်ငန်းပုံစံသစ် နှင့် ပေကျင်းမြို့၏စီးပွားရေးစက်ဝန်းအတွက် အရေးပါသော အထောက်အကူတစ်ခုဖြစ်လာခဲ့သည်။ ၂ဝ၁၇ ခုနှစ်တွင် ထန်ဆန်းမြို့သည် တရုတ်နိုင်ငံ၏ စက်မှုစီးပွားအသွင်ပြောင်းမှု နှင့် အဆင့်မြှင့်တင်မှုအတွက် စံနမူနာပြနယ်မြေအဖြစ် ပါဝင်သော အဓိကမြို့ကြီး(သို့မဟုတ်) စီးပွားရေးဇုံနယ် ၁၂ ခု ထဲတွင် တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။

နည်းပညာမြင့် အလိုအလျှောက်မီးရထားလမ်းပိုင်းစနစ်ပစ္စည်များ ၊ စက်ရုံများ ၊ အီလက်ထရောနစ်ပစ္စည်းများ နှင့် အသိဉာဏ်ပိုင်းဆိုင်ရာပစ္စည်းကိရိယာများ အပါအဝင် စက်မှုထုတ်ကုန်များ ထုတ်လုပ်ရာ အဆင့်မြင့်စက်မှုလုပ်ငန်းငါးရပ်သည် မြို့၏ စီးပွားရေးမောင်းနှင်အားကို အဓိကပံ့ပိုးပေးနေသော အရာများဖြစ်လာခဲ့သည်။

ထန်ဆန်းမြို့၌ အခြေစိုက်သည့် CRRC ထန်ဆန်းကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အဓိက အဆင့်မြင့်နည်းပညာသုံးမြန်နှုန်းမြင့် မီးရထားများထုတ်လုပ်သည့် ကုမ္ပဏီတည်ရှိရာ မြို့တစ်မြို့လည်းဖြစ်ပြီး အသိဉာဏ်မြင့်အလိုအလျှောက်နည်းပညာသုံး မီးရထားလမ်းပိုင်းများ ၊ တီထွင်ဆန်းသစ်မှုများ နှင့် ရထားပို့ဆောင်ရေးကဏ္ဍဖွ ံ့ဖြိုးတိုးတက်မှုအတွက် တည်ဆောက်ပေးနေသော မြို့ကြီးဟု ဆိုနိုင်သည်။

စက်ရုပ် ထုတ်လုပ်မှုကုမ္ပဏီ ၅၆ ခု၏ တစ်နှစ်တာအမြတ်ငွေသည် ယခင်နှစ်က တရုတ်ယွမ် ၆ ဘီလီယံအထိရှိခဲ့ပြီး ယင်းမှာ ထန်ဆန်းHi-tech အဆင့်မြင့်နည်းပညာစက်မှုဖွံ့ဖြိုးရေးဇုန်၏ စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး၏ ထက်ဝက် ပမာဏ ရှိခဲ့ကြောင်း ပြည်နယ်အဆင့်စီးပွားရေးဇုန်တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

“ အဓိကစီးပွားရေးလုပ်ငန်းစုအမြတ်ငွေရဲ့ ၆.၅ ရာခိုင်နှုန်းကို သုတေသနနဲ့ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ နှစ်စဉ် ပြန်ရင်းနှီးမြှုပ်နှံပြီး ကျွန်တော်တို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်မှုကို ဆက်လက်ခိုင်မာအောင် ဆောင်ရွက်ပါတယ်” ဟု နည်းပညာဇုန်မှ CITIC အကြီးစားစက်မှုလုပ်ငန်း Kaicheng အသိဉာဏ်မြင့်ကိရိယာထုတ်လုပ်ရေးကုမ္ပဏီမှ အထွေထွေမန်နေဂျာ Lu Wentao က ဆိုသည်။

၎င်းတို့၏ ကုမ္ပဏီသည် ကမ္ဘာ့အဆင့်မှီ အထူးတန်း စက်ရုပ်များ ထုတ်လုပ်ရေးအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး အထူးစက်ရုပ်များ အမျိုးအစားပေါင်း ၃ဝ ကျော်ကို ထုတ်လုပ်လျက်ရှိသည်။

ဇန်နဝါရီလ မှ ဧပြီလအထိ တန်ဖိုးမြင့် ထုတ်ကုန်ကဏ္ဍ ၅ ခုမှ ထုတ်လုပ်မှုတန်ဖိုးက ၃၁.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ မြို့၏ စက်မှုနယ်မြေ ပျမ်းမျှတိုးတက်မှုထက် ၂ဝ.၇ ရာခိုင်နှုန်းအထိ ကျော်လွန်ရောက်ရှိခဲ့ကြောင်း ထန်ဆန်းမြို့စက်မှု နှင့် သတင်းအချက်အလက်ဗျူရိုမှ စာရင်းဇယားအရ သိရသည်။

“ အဓိက စက်မှုစီမံကိန်းတွေကို ဖွံ့ဖြိုးတိုးတက်မှု၏ သော့ချက်အဖြစ်ဆောင်ရွက်ခဲ့ပါတယ် ” ဟု မြို့တော်မြူနီစပယ်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်ဒုတိယအကြီးအကဲ Chen Jingming က ဆိုသည်။

ပထမ သုံးလတာအတွင်း ထန်ဆန်းစက်မှုနယ်မြေ၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး GDP သည် ယခင်နှစ်ထက် ၇.၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး ၂ဝ၁၄ ခုနှစ် နောက်ပိုင်း ပထမသုံးလပတ်အတွင်း အမြင့်ဆုံး တိုးတက်မှုနှုန်း ဖြစ်ခဲ့သည်။

“ ထန်ဆန်းမြို့ဟာ သမားရိုးကျအစဉ်အလာစက်မှုလုပ်ငန်းပုံစံကနေ ခေတ်မီအသွင်ပြောင်းပုံစံဆီကို တွန်းတွန်းတိုက်တိုက် ကူးပြောင်းဆောင်ရွက်နေတဲ့ ကာလပဲဖြစ်ပါတယ်” ဟု Hebei နည်းပညာတက္ကသိုလ်မှ ပေကျင်း-ထျန်ကျင်း-ဟဲပေ ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Zhang Gui က ဆိုသည်။

“ နည်းပညာတီထွင်ဆန်းသစ်မှုဆိုတာ ခေတ်ဟောင်းစက်မှုအခြေပြုလုပ်ငန်းတွေကို အောင်မြင်တဲ့အသွင်သဏ္ဍာန်သစ်ဖြစ်လာအောင် လုပ်ဆောင်ရတာပဲဖြစ်ပါတယ်” ဟု Zhang ကပြောကြားခဲ့ပြီး ထန်ဆန်းမြို့အနေဖြင့် အင်တာနက် ၊ သတင်းအချက်အလက်သိမ်းဆည်းမှု နှင့် ဉာဏ်ရည်တု(AI) တို့ဖြင့် စက်မှုတော်လှန်ရေး အလှည့်အပြောင်းသစ်ကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတကာအတိုင်ပင်ခံလုပ်ငန်းစုကြီးတစ်ခုဖြစ်သော A.T.Kearney က ထုတ်ပြန်သည့် ၂ဝ၁၉ ခုနှစ် ကမ္ဘာ့မြို့တော်ကြီးများ အနာဂတ်မျှော်မှန်းချက် အစီရင်ခံစာအရ ထန်ဆန်းမြို့သည် ကမ္ဘာ့အောင်မြင်မှုအလားအလာအရှိဆုံးမြို့များတွင် အဆင့် ၇၇ မှ ရပ်တည်နေခဲ့သည်။

ထန်ဆန်းဆိပ်ကမ်းမှ ယခင်နှစ်တွင် ကုန်စည်အတင်အချပမာဏသည် တန်ချိန် ၆၃၇သန်း ရှိခဲ့ရာ နိုင်ငံအတွင်းရှိ ဆိပ်ကမ်းများအနက် ကုန်တင်ကုန်ချ တတိယအမြင့်ဆုံး နေရာအထိ ခုန်တက်ခဲ့သည်။ယခုနှစ် ပထမ ငါးလအတွင်း ဆိပ်ကမ်း၏ ကုန်တင်ကုန်ချပမာဏသည် တန်ချိန် ၂၆၅ သန်းအထိ ရှိခဲ့ရာ ယခင်နှစ်အလားတူ ကာလထက် ၇.၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း သိရသည်။

ထန်ဆန်းဆိပ်ကမ်း၏ ဆိပ်ကမ်းနယ်မြေသစ်တစ်ခုအနေနှင့် Caofeidian ဆိပ်ကမ်းဇုန်ကလည်း လျင်လျင်မြန်မြန်တိုးတက်နေသည်။ ကုန်တင်သင်္ဘောများ စုစုပေါင်းတန်ချိန် ၄ဝဝ, ဝဝဝ အထိ ဆိုက်ကပ်နိုင်သော နိုင်ငံ၏ အသိအမှတ်ပြု သင်္ဘောဆိပ်ကမ်း ၇ ခုနှစ်အနက် ယင်းမှာ အဆင့် ၂ နေရာသို့တက်လှမ်းခဲ့ကြောင်း ၊ ဆိပ်ကမ်းတွင် သတ္တုရိုင်း ၊ ကျောက်မီးသွေး ၊ ဆီကြမ်း ၊ LNG နှင့် ကုန်သေတ္တာတင် သင်္ဘောများ တစ်ကြိမ်လျင် စုစုပေါင်း ၁ဝ၁ စီးအထိ ဆိုက်ကပ်နိုင်ကြောင်း ၊ ကုန်တန်ချိန် ၄၇ဝ သန်းအထိ အတင်အချလုပ်နိုင်စွမ်းရှိကြောင်း သိရသည်။

ယင်းဆိပ်ကမ်းမှ ကမ္ဘာ့နိုင်ငံ နှင့် ဒေသပေါင်း ၇၁ ခုသို့ရေကြောင်း ကုန်သွယ်မှုတိုက်ရိုက်ပြုလုပ်နိုင်ရာ Caofeidian သည် ပေကျင်း-ထျန်ကျင်း-ဟဲပေဒေသအတွင်း ထန်ဆန်းမြို့အတွက် ဖွံ့ဖြိုးတိုးတက်သော ဆိပ်ကမ်းသစ်တစ်ခု ဖြစ်လာခဲ့သည်။၎င်းဆိပ်ကမ်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် စံပြဇုန်တစ်ခုအတွင်း ပေကျင်းမြို့နှင့် Caofeidian အကြား ပူးတွဲတည်ဆောက်ထားသည့် စီမံကိန်းများအောက်တွင် ရင်နှီးမြှုပ်နှံမှု နှင့် စက်မှုလုပ်ငန်းများကို ဆွဲဆောင်ထားနိုင်ခဲ့သည်။

ယခင်နှစ်က Caofeidian ဆိပ်ကမ်းနယ်နိမိတ်အတွင်း ကုန်စည်သယ်ယူပို့ဆောင်မှုတန်ဖိုးသည် တရုတ်ယွမ်ငွေ ၁ဝဝ ဘီလီယံအထိ ရှိခဲ့သည်။ယခုနှစ်တွင် ယင်းပမာဏထက် နှစ်ဆ ရရှိမည်ဟု မျှော်လင့်ထားသည်။ လျင်လျင်မြန်မြန်တိုးတက်နေသော Caofeidian ဆိပ်ကမ်းကြီးကို ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေးနှင့်သတ္တုရိုင်း ထုတ်လုပ်ဖြန့်ဖြူးရေးဗဟိုချက်တစ်ခုအဖြစ် ရောက်ရှိလာစေရန် ရည်မှန်းထားသည်။

အနက်ရောင် မှ အစိမ်းရောင်ဆီသို့

ကျောက်မီးသွေး နှင့် သံမဏိ ပါအဝင် သတ္တုတွင်းထွက်ကဏ္ဍ၌ ထုတ်လုပ်မှုပမာဏ လျှော့ချလိုက်ခြင်းနှင့်အတူ အဆိုပါ သဘာဝအရင်းအမြစ်ကိုအခြေခံထားသော ကုမ္ပဏီများအနေဖြင့် လေထုညစ်ညမ်းမှုလျှော့ကျရေး နှင့် အစိမ်းရောင်ထုတ်ကုန်များ ကြိုးပမ်းထုတ်လုပ်ရေး အတွက် တိုးမြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းထားသည်။

၂ဝ၁၃ ခုနှစ် မှ ၂ဝ၁၈ ခုနှစ် အတွင်း ထန်ဆန်းမြို့သည် သံ နှင့် သံမဏိ တန်ချိန် သန်း ၈ဝ ခန့်ထုတ်လုပ်မှုကို ဖြတ်တောက်ခဲ့ပြီး အပူပြောင်း ၊ အပူထုတ် အလုပ်ရုံများ နှင့် လေထုညစ်ညမ်းမှုဖြစ်စေသည့် စက်ရုံငယ် စုစုပေါင်း ၁၄၇ ရုံကို ပိတ်ပစ်ခဲ့သည်။ မြို့အတွင်း သံ နှင့် သံမဏိ ထုတ်လုပ်မှုလုပ်ငန်းကို သုံးပုံတစ်ပုံထိ လျှော့ချခဲ့ရာ ၂ဝ၁၂ ခုနှစ်တွင် ၅၈ ခု ရှိခဲ့ရာမှ ၂ဝ၁၈ ခုနှစ်တွင် ၃၈ ခုအထိ လျော့ကျခဲ့သည်။

ရေဆိုးစွန့်ပစ်မှု သုည ရာခိုင်နှုန်းအထိ လုပ်ဆောင်ခဲ့ပြီး Tangsteel ကုမ္ပဏီအနေဖြင့် ပြီးခဲ့သော နှစ်နှစ်တာကာလအတွင်း စွမ်းအင်ချွေတာမှု နှင့် မီးခိုးထုတ်လွှတ်မှုကို လျှော့ချမှု စီမံကိန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံမှု တရုတ်ယွမ် ၂.၇ ဘီလီယံအထိ ရှိခဲ့ရာ ထုတ်လုပ်မှုကဏ္ဍအားလုံးတွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို အနိုမ့်ဆုံးအထိ လုပ်ဆောင်နိုင်ခဲ့သည်။ ထို့ပြင်ကုမ္ပဏီအနေဖြင့် ကာဘွန်မိုနောက်ဆိုဒ်ထုတ်လုပ်မှုကိုလည်း ကနဦးလျှော့ချမှုလုပ်ဆောင်နိုင်ခဲ့သည်။

“ Tangsteel ဟာ အစိမ်းရောင်စက်မှုလုပ်ငန်းကို အကောင်အထည်ဖော်ဖို့အစိမ်းရောင်အသွင်ပြောင်းမှုကို လုပ်ဆောင်နေပါတယ်” ဟု ကုမ္ပဏီဥက္ကဋ္ဌ Wang က ဆိုသည်။

မြို့၏ ပျမ်းမျှသိပ်သည်းဆ PM2.5 သည် ၂ဝ၁၈ ခုနှစ်တွင် ယခင်တစ်နှစ်ကထက် ၉.၁ ရာခိုင်နှုန်းကျဆင်း ခဲ့သည်။ ယခုနှစ်တွင် သိပ်သည်းဆ PM2.5 အား ၅ ရာခိုင်နှုန်းအထိ လျော့နည်းသွားရန် ရည်မှန်းထားသည်။

ဇူလိုင်လတွင် အစိမ်းရောင်စီမံကိန်းတစ်ရပ်အနေဖြင့် Kaiping ခရိုင်တွင် “ ထန်ဆန်းပင်လယ်ပန်းပွင့်များ” အစီအစဉ်ကို လုပ်ဆောင်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ထိန်းသိမ်းရေး နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တော်၏ ကြိုးပမ်းလုပ်ဆောင်နေမှုတစ်စိတ်တစ်ဒေသကို အများပြည်သူများအား ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။

ထန်ဆန်းမြို့လယ်ခေါင်ရှိ Nanhu ဧရိယာအတွင်း သတ္တုတူးဖော်မှုကင်းလွတ်နယ်မြေ နှင့် စွန့်ပစ်အမှိုက်ကင်းစင်နေရာတစ်ခုကို ထူထောင်ခဲ့သည်။ ထိုသို့ကြိုးပမ်းအားထုတ်ခဲ့ပြီးနောက်တွင် ယင်းနေရာသည် အခမဲ့ အပန်းဖြေဥယျာဉ်တစ်ခုဖြစ်လာခဲ့ရာ ယခင်နှစ်က ကမ္ဘာလှည့်ခရီးသွားဧည့်သည်ပေါင်း ၄.၈ သန်းအထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ Nanhu ဧရိယာကို မြို့တော်ရဲ့ မဟာဗျူဟာမြောက်အသွင်ပြောင်းဖွံ့ဖြိုးတိုးတက်မှု နေရာတစ်ခု နဲ့ ဆွဲဆောင်မှုရှိတဲ့ အလွန်စွဲဆောင်မှုရှိတဲ့ ဇုန်တစ်ခုဖြစ်အောင် ဆာင်ရွက်သွားမှာပါ” ဟု မြို့တော်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ကိုင်နေသည့် Tangshan ယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်း အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Xue Shaojiang က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.