Connect with us

Science & Technology

တရုတ်နိုင်ငံက အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် Long March-5 ဒုံးပျံအား လွှတ်တင်ရန် ပြင်ဆင် 

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဝန်ချန်း အာကာသလွှတ်တင်ရေးစင်တာရှိ လွှတ်တင်သည့် ဧရိယာသို့ ဒေါင်လိုက် သယ်ယူပို့ဆောင်ခဲ့သည့် တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး ခရီးစဉ် လွှတ်တင်ရာတွင် အသုံးပြုမည့် Long March-5 ဒုံးပျံတစ်စင်းအား တွေ့ရစဉ်(ဓာတ်ပုံ - Zhang Gaoxiang from China National Space Administration)

ဝန်ချန်း ၊ ဟိုင်နန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး ခရီးစဉ် လွှတ်တင်ရာတွင် အသုံးပြုရန် စတုတ္ထ Long March-5 ဒုံးပျံအား တရုတ် နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဝန်ချန်း အာကာသလွှတ်တင်ရေးစင်တာရှိ လွှတ်တင်သည့် ဧရိယာသို့ ယနေ့ ဇူလိုင် ၁၇ ရက်တွင် ဒေါင်လိုက် သယ်ယူခဲ့ကြောင်း သိရသည်။ 

Long March-5 Y4 ဟု အမည်ပေးထားသော သယ်ဆောင်ရေးဒုံးပျံအား ဇူလိုင်လ နောင်းပိုင်း သို့မဟုတ် ဩဂုတ်လအစောပိုင်းတွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဌာန(CNSA) ထံမှ သိရသည်။ 

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဝန်ချန်း အာကာသလွှတ်တင်ရေးစင်တာရှိ လွှတ်တင်သည့် ဧရိယာသို့ ဒေါင်လိုက် သယ်ယူပို့ဆောင်ခဲ့သည့် တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး ခရီးစဉ် လွှတ်တင်ရာတွင် အသုံးပြုမည့် Long March-5 ဒုံးပျံတစ်စင်းအား တွေ့ရစဉ်(ဓာတ်ပုံ – Zhang Gaoxiang from China National Space Administration)

အာကာသအင်ဂျင်နီယာများက မေလကုန်ပိုင်းတွင် ဝန်ချန်း အာကာသလွှတ်တင်ရေးစင်တာသို့ သယ်ယူခဲ့ပြီးနောက် ဒုံးပျံတွင် အထွေထွေတပ်ဆင်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ 

ဝန်ချန်း အာကာသလွှတ်တင်ရေးစင်တာရှိ လွှတ်တင်သည့် ဧရိယာသို့ ယနေ့ နံနက်ပိုင်းတွင် ဧရာမ ဒုံးပျံအား ဒေါင်လိုက် ရွှေ့ပြောင်းရန် နှစ်နာရီခန့် ကြာမြင့်ခဲ့သည်။နောက်ဆုံး စစ်ဆေးမှုများ နှင့် စမ်းသပ်မှုများအား ဒုံးပျံလွတ်တင်ခြင်း မပြုမီ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

လက်ရှိ တရုတ်နိုင်ငံ၏ အကြီးဆုံး လွှတ်တင်ရေးယာဉ် ဖြစ်သည့် Long March-5 သယ်ဆောင်ရေးဒုံးပျံသည် စမ်းသပ်ပစ်လွှတ်မှုသုံးကြိမ် ပြီးနောက် လက်တွေ့အသုံးပြုရန် ပထမဆုံးအကြိမ် ဖြစ်သည်။ အဆိုပါ ဒုံးပျံအား အသုံးပြု၍ ကမ္ဘာဂြိုဟ်-အင်္ဂါဂြိုဟ်ပတ်လမ်းအတွင်းသို့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်ကို လွှတ်တင်ရန် မျှော်လင့်ထားပြီး ၎င်းတာဝန်မျိုးသည် တရုတ်နိုင်ငံ သယ်ဆောင်ရေးဒုံးပျံ၏ ပထမဆုံးတာဝန်လည်း ဖြစ်ကြောင်းသိရသည်။ 

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး ခရီးစဉ် ထျန်းဝန်-၁(Tianwen-1 )သည် ခရီးစဉ်အတွင်း လှည့်ပတ်ခြင်း ၊ ဆင်းသက်ခြင်း နှင့် လှည့်လည်သွားလာခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ်တွင် သိပ္ပံနည်းကျစူးစမ်းလေ့လာရေးအချက်အလက် ရရှိရေးတို့အား လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.