Connect with us

Science & Technology

တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ကားကို အများပြည်သူသုံးလမ်းမပေါ်တွင် စမ်းသပ်ပြေးဆွဲရန် ခွင့်ပြုချက်ရရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် WeRide မှ တီထွင်ထုတ်လုပ်ထားသော L-4 အဆင့် မောင်းသူမဲ့ RoboTaxi များအား တွေ့ရစဉ် (ဓာတ်ပုံ- WeRide မှ ဆင်ဟွာသို့ပေးပို့သည်)

ကွမ်ကျိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ WeRide ကုမ္ပဏီက ၎င်းတို့၏ မောင်းသူမဲ့မော်တော်ယာဉ်များအား နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ရှိ အများပြည်သူသုံးလမ်းမများပေါ်တွင် စမ်းသပ်မောင်းနှင်ရန် အစိုးရ၏ခွင့်ပြုချက် ရရှိပြီဖြစ်ကြောင်း ဇူလိုင် ၁၀ ရက်က ကြေညာခဲ့သည်။

ကွမ်ကျိုးမြို့အခြေစိုက် ကုမ္ပဏီဖြစ်သော WeRide ကုမ္ပဏီက စမ်းသပ်မောင်းနှင်မှုများကို မောင်းသူလုံးဝမပါရှိဘဲ အပြည့်အဝ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ 

လက်ရှိ ကွမ်ကျိုး နိုင်ငံကာ ဇီဝဗေဒကျွန်းရှိ လမ်းပေါ်တွင် စမ်းသပ်မောင်းနှင်မှုမှာ 5G ကွန်ရက် အပြည့်အဝလွှမ်းခြုံမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်သောကြောင့် အထူးအခြေအနေအောက်တွင် မော်တော်ယာဉ်အား ကုမ္ပဏီက ထိန်းချုပ်နိုင်မည် ဖြစ်သည်။ 

အဆိုပါ ကုမ္ပဏီသည် L4 အဆင့် မောင်းသူမဲ့နည်းပညာများရှိပြီး မောင်းသူမဲ့ အငှားယာဉ်များကို ပြီးခဲ့သည့်နှစ်က ကွမ်ကျိုးမြို့၌ ထုတ်လုပ်ခဲ့ပြီး ခရီးစဉ်တစ်ခုစီကို ဘေးကင်းရေးကြီးကြပ်သူတစ်ဦးက ကြီးကြပ်လျက်ရှိသည်။

ပေကျင်း၊ ရှန်ဟိုင်းနှင့် ဆန်းကျန့် မြို့များအပါအဝင် တရုတ်နိုင်ငံရှိ မြို့များစွာ၌ မောင်းသူမဲ့မော်တော်ယာဉ်များကို လမ်းများပေါ်တွင် စမ်းသပ်ပြေးဆွဲရန် ခွင့်ပြုထားခဲ့သည်။ ကွမ်ကျိုးမြို့တွင် ကုမ္ပဏီခြောက်ခုအား ၎င်းတို့၏ ဉာဏ်ရည်မြင့်မော်တော်ကားများကို လမ်းပေါ်စမ်းသပ်ပြေးဆွဲခွင့်ပြုထားကြောင်း သိရသည်။  (Xinhua)