ကျိုချွမ်၊ မေ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာကာသစခန်းပေါင်းစည်းမှုအတွက် အချိန် ၅ လကြာမစ်ရှင်တစ်ရပ်ထမ်းဆောင်ရန် အာကာသယာဉ်မှူး ၃ ဦးပါဝင်သော ရှန်ကျိုး-၁၆ (Shenzhou-16) လူတင်အာကာသယာဉ်ကို မေ ၂၉ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လုံလောက်သော စွမ်းအင်ထောက်ပံ့မှုနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးတို့ကို ကြိုးပမ်းအားထုတ်ကာ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသောကြောင့် ၂၀၂၃ ခုနှစ် ပထမလေးလတွင် အသစ်တပ်ဆင်ထားသော သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်မှုမှာ မှန်မှန်တိုးတက်လာခဲ့ကြောင်း သိရသည်။
ချိုမိုလန်းမားတောင်အခြေစိုက်စခန်း၊ တိဗက်၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်စူးစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့သည် သိပ္ပံသုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့် ကမ္ဘာ့အမြင့်ဆုံး ချိုမိုလန်းမားတောင်ထိပ်သို့ မေ ၂၃ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ၁၉၅၃ ခုနှစ် မေ ၂၉ ရက်က နယူးဇီလန်နိုင်ငံသား Edmund Hillary နှင့် နီပေါနိုင်ငံမှ...
ချိုမိုလန်းမားတောင်အခြေစိုက်စခန်း၊ တိဗက်၊ မေ ၂၄ ရက် (ဆင်ဟွာ) ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈,၈၃၀ တွင်ရှိသော ချိုမိုလန်းမားတောင်ရှိ ကမ္ဘာ့အမြင့်ဆုံး မိုးလေဝသစခန်း၏ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းမှာ မေ ၂၃ ရက်၌ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်တွင် ထျန်ဝမ်းနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ယူနစ် ၇ အဏုမြူဓာတ်ပေါင်းဖိုအမိုးခုံး၏ စက်ဝိုင်းပုံခါးပတ်ကို မေ ၁၉ ရက်က အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့ကြောင်း၊ ၎င်းမှာ အဆိုပါယူနစ် စက်ကိရိယာတပ်ဆင်မှုစတင်ခြင်း အထိမ်းအမှတ်လည်းဖြစ်ကြောင်း နိုင်ငံ၏ နျူကလီးယားဓာတ်အားပေးစက်ရုံလည်ပတ်ရေးလုပ်ငန်းများအနက် အကြီးဆုံးတစ်ခုဖြစ်သည့်...
ချိုမိုလန်းမားတောင်အခြေစိုက်စခန်း၊ တိဗက်၊ မေ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချိုမိုလန်းမားတောင်တွင် ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့် ဒုတိယမြောက် သိပ္ပံပညာရပ်ဆိုင်ရာ ဘက်စုံစူးစမ်းလေ့လာမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှုတစ်ခုကို သိပ္ပံပညာရှင်များက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွေ့ယန်၊ မေ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် တောတောင်ထူထပ်သောဒေသများရှိ လျှပ်စစ်ဓာတ်အားခွဲရုံတွင် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စက်ရုပ်များကို စတင်အသုံးပြုလျက်ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ထုန်ရန်မြို့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံ ၁၀ ခုတွင် စက်ရုပ် ၁၃ ရုပ်ကို တာဝန်ထားပြီး...
ဝူးလူမုချီ၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၃ ခုနှစ် ဧပြီလကုန်အထိ တည်ဆောက်ပြီးသော 5G အခြေစိုက်စခန်းပေါင်း ၃၉,၀၀၀ ရှိကြောင်း ယင်းဒေသအစိုးရက ယနေ့ (မေ ၁၇ ရက်)တွင် ပြောကြားခဲ့သည်။
ရှီးချန်း၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်ရှိ ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ BeiDou တည်နေရာပြဂြိုဟ်တုအသစ်တစ်စင်းကို မေ ၁၇ ရက်၌ အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ခေတ်မီစက်မှုစနစ်တည်ဆောက်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအသစ်များကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးစီမံကိန်းက မေ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။