ပေကျင်း ၊ ဇွန် ၆ ရက်(ဆင်ဟွာ) Shenzhou-14 အာကာသယာဉ်ပေါ်ရှိ တရုတ်အာကာသယာဉ်မှူးသုံးဦးသည် ဇွန် ၅ ရက်တွင် တရုတ်နိုင်ငံ၏ အာကာသစခန်း ပင်မမော်ဂျူး Tianhe အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA) ထံမှ သိရသည်။
ကျိုချွမ် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် လူလိုက်ပါသည့် Shenzhou-14 အာကာသယာဉ်အား ယနေ့ ဇွန် ၅ ရက်တွင် လွှတ်တင်ခဲ့ပြီး အာကာသစခန်းပေါင်းစပ်မှုသို့ ၆ လကြာမစ်ရှင်အတွက် အာကာသယာဉ်မှူးသုံးဦးအား စေလွှတ်ခဲ့ကြောင်း သိရသည်။
ကျိုချွမ် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) တရုတ်အာကာသယာဉ်မှူးများ ဖြစ်ကြသည့် ချန်တုန်း ၊ လျိုရန် နှင့် ချိုက်ရွှိကျယ်တို့သည် Shenzhou-14 အာကာသပျံသန်းမှုမစ်ရှင်ကို ထမ်းဆောင်ကြမည် ဖြစ်ပြီး အာကာသယာဉ်မှူး ချန်တုန်းက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA)က ဇွန် ၄ ရက်တွင် ကျင်းပသော...
ပေကျင်း ၊ ဇွန် ၂ ရက်(ဆင်ဟွာ) မိုးလေဝသဂြိုဟ်တုနှစ်လုံးသည် ၎င်းတို့၏ မြေပြင်အသုံးချစနစ်များနှင့်အတူ ဇွန် ၁ ရက်တွင် စမ်းသပ်လည်ပတ်မှုစတင်ခဲ့ကြောင်း တရုတ်နိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။ Fengyun-3E (FY-3E) နှင့် Fengyun-4B (FY-4B) ဂြိုဟ်တုနှစ်လုံးသည် ကမ္ဘာအနှံ့အသုံးပြုသူများအတွက် စောင့်ကြည့်သည့်အချက်အလက်များ နှင့် အသုံးချဝန်ဆောင်မှုများအား ပေးအပ်သွားမည်...
ဟန်ကျို့ ၊ ဇွန် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံးဉာဏ်ရည်တုနည်းပညာသုံး ဓာတ်အားပေးစက်ရုံကြီးဖြစ်သည့် ဆိုလာနှင့် ရေအား ပေါင်းစပ် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားလိုင်းချိတ်ဆက်မှုကိုမေ ၃၀ ရက်တွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ Zhejiang ပြည်နယ်တွင်တည်ရှိသည့် ယင်းဓာတ်အားပေးစက်ရုံ အပြည့်အဝလည်ပတ်နိုင်မှုသည် နိုင်ငံ၏ အဏ္ဏဝါစွမ်းအရင်းအမြစ်များ...
ပေကျင်း၊ ဇွန်၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ကုန်း၊ ရေ နှစ်သွယ်သွား AG600 ပုံစံသစ်လေယာဉ်ကြီးသည် မေ ၃၁ ရက်က အောင်မြင်စွာ ပွဲဦးထွက်ပျံသန်းခဲ့ကြောင်း တရုတ်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) အရ သိရသည်။
ကူမင်း၊ မေ ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ် နင်းနန်ခရိုင်နှင့် ယူနန်ပြည်နယ် ချောင်ကျားခရိုင်ဆက်ကြားရှိ ကျင်းဆားမြစ်လျှိုမြောင်၏ တောတောင်များက မိုးကျပြီးနောက် စိမ်းလန်းစိုပြေလျက်ရှိသည်ကို မေ ၃၀ ရက် နံနက်ပိုင်းတွင် တွေ့မြင်ရမည် ဖြစ်သည်။
မောက်မင်၊ မေ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံးသော ပင်လယ်ရေနက်ပိုင်း ရေပါ်လေအားလျှပ်စစ်စက်ပစ္စည်းကိရိယာ”ဖူရောင်”ကို တနင်္ဂနွေနေ့က တရုတ်နိုင်ငံ တောင်ပိုင်း မောက်မင်မြို့တွင် တပ်ဆင်ခဲ့သည်။
ကျိုချွမ်၊ မေ ၃၀ ရက်(ဆင်ဟွာ) လူလိုက်ပါ အာကာသယာဉ် Shenzhou-14နှင့် အာကာသယာဉ် သယ်ဆောင်ရေး ဒုံးပျံ Long March-2Fအတွဲကို အာကာသယာဉ်လွှတ်တင်မည့် ဧရိယာသို့ ရွှေ့ပြောင်းထားပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA)က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍသည် cloud computing နည်းပညာကဲ့သို့သော ထွန်းသစ်စ စီးပွားရေးအခွင့်အလမ်းပွင့်လင်းလာခြင်းနှင့်အတူ ယခုနှစ် ပထမ လေးလတွင် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။