ရှန်ဟိုင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) ကမ္ဘာကြီးအနေဖြင့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် 6G အား စီးပွားဖြစ်အသုံးပြုနိုင်ရန် မြင်တွေ့နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဇွန် ၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ကူမင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်း ကျင်ကျိုက် ဥမင်လိုဏ်ခေါင်းကို ဇွန် ၅ ရက် နံနက်ပိုင်းက လုံခြုံဘေးကင်းစွာ ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ရာ ဥမင်အလွှာပြုလုပ်ခြင်း၊ အတွင်းသားနံရံနှင့် ရထားလမ်းကြောင်း ဆောက်လုပ်ခြင်းစသည့် ကျန်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း China Railway Kunming Group၏ သတင်းများအရ...
ထန်ဆန်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟဲပေပြည်နယ် ထန်ဆန်းမြို့ရှိ ရှီးဖုန်းခိုအနောက်ဘက် ဖန်းကျားခိုအပိုင်း မဟာတံတိုင်းကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသည်။ ၁၉၇၀ ပြည့်နှစ် များတွင် ဖန်းကျားခိုရေလှောင်ကန်ကို ပြုပြင်တည်ဆောက်ခဲ့ရာ ဖန်းကျားခိုအပိုင်း မဟာတံတိုင်းအစိတ်အပိုင်းတစ်ခု ရေနစ်မြုပ်ခဲ့ပြီးနောက် ရေအောက်မဟာတိုင်း ရှုမြင်ကွင်း ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။ ...
ဟန်ကျိုး၊ ဇွန် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း၏ e-commerce ဗဟိုအချက်အချာဖြစ်သည့် ကျဲ့ကျန်းပြည်နယ်တွင် ၂၀၂၀ နှစ်ကုန်ပိုင်းအထိ 5G အခြေစိုက်စခန်းပေါင်း (၆၂,၆၀၀) တည်ဆောက်ပြီးဖြစ်ကြောင်း ဒေသခံဆက်သွယ်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါ ပုဂ္ဂလိက စီးပွားရေးအချက်အချာ နေရာတွင် ရှေ့ပြေးစီမံကိန်း အမြောက်အမြား ပျိုးထောင်ထားပြီးဖြစ်ရာ...
ရှီးချန်း၊ ဇွန် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာက မိုးလေဝသဂြိုဟ်တု Fengyun-4B (FY-4B)ကို Long March-3B ပို့ဆောင်ရေး ဒုံးပျံဖြင့် ဇွန် ၃ ရက် ၀၀ နာရီ ၁၇ မိနစ်တွင် လွှတ်တင်ခဲ့ရာ သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း သိရသည်။
ချန်ရှား ၊ ဇွန် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ CRRC Zhuzhou Locomotive ကုမ္ပဏီ မှ ထုတ်လုပ်သည့် ပထမဦးဆုံးသော ဥရောပတိုက် သို့ တင်သွင်းပေးသည့် နှစ်ထပ်အမြန်ရားထား တည်ဆောက်မှုပြီးစီး၍ မေလ ၃၁ ရက်တွင် ဈေးကွက်သို့ စတင်တင်ပို့လိုက်သည်။
ပြုံယမ်း ၊ မေ ၃၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန၏ မေ ၃၁ ရက်၌ ထုတ်ပြန်ခဲ့သည့် သတင်းဆောင်းပါးတွင် တောင်ကိုရီးယားနိုင်ငံ၏ ဒုံးကျည် တီထွင်ထုတ်လုပ်ခြင်း နှင့် အသုံးပြုခြင်း ကန့်သတ်ချက်များကို အမေရိကန်နိုင်ငံက ပယ်ဖျက်ပေးလိုက်သည့်အပေါ် ပြစ်တင်ဝေဖန်လိုက်ပြီး တောင်ကိုရီးယားနိုင်ငံ ပိုင်ဆိုင်ခွင့်ရမည့် ဒုံးကျည်ထိပ်ဖူး အလေးချိန်...
ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် မောင်းသူမဲ့ကား၏ လုံခြုံရေးစမ်းသပ်မောင်းနှင်မှု ခရီးမိုင်ပေါင်း ကီလိုမီတာ ၃ သန်းကျော်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပေကျင်းမြို့၌ မောင်းသူမဲ့မော်တော်ယာဉ် စမ်းသပ်မောင်းနှင်မှုလမ်းကြောင်း ၂၂၆ ခုရှိပြီး စုစုပေါင်း ၇၅၂.၄ ကီလိုမီတာခန့်ရှိလာပြီဖြစ်ကြောင်း Beijing Innovation...
ကွေ့ယန် ၊ မေ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် 5G ဖွံ့ဖြိုးတိုးတက်မှုတွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုကို ရရှိခဲ့ပြီး ယခုအထိ 5G အခြေစိုက်စခန်း စုစုပေါင်း ၈၁၉,၀၀၀ တည်ဆောက်ထားကာ ကမ္ဘာ့စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော် ရှိကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၆ ရက်(ဆင်ဟွာ) ပေကျင်းမြို့ရှိ သတ်မှတ်ထားသော အဓိကလမ်းများပေါ်တွင် မောင်းသူမဲ့ပို့ဆောင်ရေးယာဉ်များ မောင်းနှင်သွားလာရန် ကုမ္ပဏီသုံးခုအား မေ ၂၅ ရက်တွင် ခွင့်ပြုချက်ပေးခဲ့ကြောင်း ၊ ထိုကဲ့သို့ ခွင့်ပြုလိုက်ခြင်းက တရုတ်နိုင်ငံ၏ မြို့တော်၌ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။