Connect with us

Science & Technology

ရှန်ကျိုး-၁၆ လူတင်အာကာသယာဉ် လွှတ်တင်မှု အပြည့်အဝ အောင်မြင် ၊ တရုတ်အာကာသစခန်း ဘက်စုံတည်ဆောက်ပြီးနောက် လူလိုက်ပါပျံသန်းမှုမစ်ရှင် စတင်

တရုတ်နိုင်ငံ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ ရှန်ကျိုး-၁၆ (Shenzhou-16) လူတင်အာကာသယာဉ် တင်ဆောင်ထားသော Long March 2F Yao-16 သယ်ဆောင်ရေး ဒုံးပျံကို ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ကျိုချွမ်၊ မေ ၃၀ ရက် (ဆင်ဟွာ)

ရှန်ကျိုး-၁၆(Shenzhou-16) လူတင်အာကာသယာဉ် တင်ဆောင်ထားသော Long March 2F Yao-16 သယ်ဆောင်ရေး ဒုံးပျံကို မေ ၃၀ ရက် နံနက် ၉ နာရီ ၃၁ မိနစ်က ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ လွှတ်တင်ခဲ့သည်။ ထိုသို့ လွှတ်တင်ပြီး ၁၀ မိနစ်ခန့်အကြာတွင် ရှန်ကျိုး-၁၆ လူတင်အာကာသယာဉ်သည် သယ်ဆောင်ရေးဒုံးပျံမှ ခွဲထွက်ပြီး သတ်မှတ်ဂြိုဟ်ပတ်လမ်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ၊ အာကာသယာဉ်မှူးအဖွဲ့ အခြေအနေကောင်းမွန်ကြောင်းနှင့် အာကာသယာဉ်လွှတ်တင်မှု အပြည့်အဝ အောင်မြင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ ရှန်ကျိုး-၁၆ (Shenzhou-16) လူတင်အာကာသယာဉ် တင်ဆောင်ထားသော Long March 2F Yao-16 သယ်ဆောင်ရေး ဒုံးပျံကို ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ ရှန်ကျိုး-၁၆ (Shenzhou-16) လူတင်အာကာသယာဉ် တင်ဆောင်ထားသော Long March 2F Yao-16 သယ်ဆောင်ရေး ဒုံးပျံကို ၂၀၂၃ ခုနှစ် မေ ၃၀ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ဂြိုဟ်ပတ်လမ်းအတွင်းသို့ အာကာသယာဉ် ဝင်ရောက်ပြီးနောက် ကြိုတင်သတ်မှတ်ထားသော အစီအစဉ်အတိုင်း အာကာသစခန်း ပူးတွဲအပိုင်းနှင့် အလိုအလျောက် လျင်မြန်စွာ ချိတ်ဆက်သွားမည် ဖြစ်ကြောင်း၊ ရှန်ကျိုး-၁၆ အာကာသယာဉ်မှူးအဖွဲ့သည် ရှန်ကျိုး-၁၅ အာကာယာဉ်မှူးအဖွဲ့နှင့် တာဝန်များကို အလှည့်ကျလွှဲပြောင်းရယူသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA)၏ ပြောကြားချက်များအရ သိရသည်။ အာကာသစခန်းအတွင်း အလုပ်တာဝန်ထမ်းဆောင် ၊ နေထိုင်စဉ်ကာလတွင် ရှန်ကျိုး-၁၆ အာကာသယာဉ်မှူးများအနေဖြင့် အာကာသစခန်းပြင်ပလှုပ်ရှားမှုများ၊ အာကာသသိပ္ပံ စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်သလို အာကာသစခန်းအတွင်းအပြင် စက်ကိရိယာ တပ်ဆင်ခြင်း၊ ချိန်ညှိခြင်း၊ ပြုပြင်မွမ်းမံခြင်း စသည့် မစ်ရှင်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုမစ်ရှင်သည် တရုတ်နိုင်ငံ လူတင် အာကာသ စီမံကိန်း အာကာသစခန်း အသုံးပြုမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုအဆင့်၏ ပထမဆုံးအကြိမ် လူတင်ပျံသန်းမှုမစ်ရှင် ဖြစ်ရာ စီမံကိန်းအတည်ပြုပြီးနောက် ၂၉ ကြိမ်မြောက် လွှတ်တင်ခြင်းသလို Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၄၇၅ ကြိမ်မြောက် ပျံသန်းခြင်း ဖြစ်သည်။

လက်ရှိတွင် အာကာသစခန်း ပူးတွဲအပိုင်းသည် သတ်မှတ်ထားသည့် အချိန်အတွင်း ချိတ်ဆက်မည့် ဂြိုဟ်ပတ်လမ်းအတွင်းသို့ ဝင်ရောက်ပြီးဖြစ်ရာ လုပ်ငန်းအခြေအနေ ကောင်းမွန်လျက်ရှိသလို ရှန်ကျိုး-၁၆ လူတင်အာကာယာဉ်နှင့် စခန်းအတွင်း အာကာသယာဉ်မှူးများ နေထိုင်မည့်နေရာတို့ သတ်မှတ်ချိန်အတွင်း ချိတ်ဆက်မည့် လိုအပ်ချက်များနှင့်ကိုက်ညီမှု ရှိကြောင်း သိရသည်။ (Xinhua)

#China #Shenzhou_16 #MannedSpaceship #SpaceStation #တရုတ် #ရှန်ကျိုး_၁၆ #လူတင်အာကာသယာဉ် #အာကာသစခန်း
———————————–
(神舟十六号)神舟十六号载人飞船发射取得圆满成功 中国空间站全面建成后首次载人飞行任务开启
新华社酒泉5月30日电 5月30日9时31分,搭载神舟十六号载人飞船的长征二号F遥十六运载火箭在酒泉卫星发射中心点火发射,约10分钟后,神舟十六号载人飞船与火箭成功分离,进入预定轨道,航天员乘组状态良好,发射取得圆满成功。
据中国载人航天工程办公室介绍,飞船入轨后,将按照预定程序与空间站组合体进行自主快速交会对接,神舟十六号航天员乘组将与神舟十五号航天员乘组进行在轨轮换。在空间站工作生活期间,神舟十六号航天员乘组将进行出舱活动,开展空间科学实(试)验,完成舱内外设备安装、调试、维护维修等各项任务。
这次任务是中国载人航天工程进入空间站应用与发展阶段的首次载人飞行任务,是工程立项实施以来的第29次发射任务,也是长征系列运载火箭的第475次飞行。
目前,空间站组合体已进入交会对接轨道,工作状态良好,满足与神舟十六号载人飞船交会对接和航天员进驻条件。(记者李国利、黎云、黄一宸)(完)
1. 5月30日9时31分,搭载神舟十六号载人飞船的长征二号F遥十六运载火箭在酒泉卫星发射中心点火发射,约10分钟后,神舟十六号载人飞船与火箭成功分离,进入预定轨道,航天员乘组状态良好,发射取得圆满成功。新华社记者 金立旺 摄