ပေကျင်း ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဇွန်လအထိ ကျေးလက်နေပြည်သူများ အင်တာနက်အသုံးပြုသူအရေအတွက်သည် ၂၈၅ သန်းအထိ ရောက်ရှိခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်အသုံးပြုသူစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်အထိ ရှိနေကြောင်း တရုတ်နိုင်ငံအင်တာနက်ဖွံ့ဖြိုးရေးအစီအစဉ်မှ မကြာသေးမီက ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) ၏ ပျံသန်းနေစဉ်အတွင်း ဓာတ်ပုံများကို တရုတ်နိုင်ငံ အမျိုးသားနေ့နှင့် ဆောင်းဦးရာသီပွဲတော်တို့ တစ်ပြိုင်နက်ကျရောက်သော အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ထျန်းကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ပဉ္စမအကြိမ်မြောက် ကမ္ဘာ့အသိဉာဏ်ဆိုင်ရာကွန်ဂရက် (World Intelligence Congress (WIC)) ကို တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ၂၀၂၁ ခုနှစ် မေလတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ထျန်းကျင်းမြူနီစီပယ်အစိုးရ ပြောကြားချက်အရ သိရသည်။
ကျိုချွမ်၊စက်တင်ဘာ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် သမုဒ္ဒရာစောင့်ကြည့်ရေး ဂြိုဟ်တုအသစ် တစ်စင်းကိုဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ရောက်ရှိရန်နိုင်ငံအနောက် မြောက်ပိုင်းရှိကျိုချွမ်ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ စက်တင်ဘာ၂၁ ရက်က လွှတ်တင်ခဲ့ကြောင်းသိရသည်။
ဖူကျိုး၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် အကွာအဝေး ကီလိုမီတာ ၁၅၅ သန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးခရီး ဒီဇိုင်နာချုပ် Zhang Rongqiao က ပြောခဲ့သည်။
ချုံချင့်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ မော်တော်ယာဉ် ထုတ်လုပ်ရေးအဓိကနေရာတစ်ခုဖြစ်သော ချုံချင့်မြူနီစီပယ်တွင် အလိုအလျောက်မောင်းနှင်သည့် နည်းစနစ်များ တပ်ဆင်ထားသော အလတ်စားအရွယ် ဘတ်စ်ကားတစ်စီးကို စက်တင်ဘာ ၁၇ ရက်နေ့၌ ပွဲထုတ်ပြသခဲ့ကြောင်း သိရသည်။
ဟဲဖေ ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ရထားတည်ဆောက်ရေးကုမ္ပဏီထံမှ ရထား ၇၂ စင်းကို မှာယူခဲ့ကြောင်း CRRC Puzhen Bombardier Transportation Systems Co., Ltd.(PBTS) က ဆိုသည်။
ရှန်ဟိုင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ) ဆွန်ယက်ဆင်တက္ကသိုလ် (Sun Yat-sen University) ဟုအမည်ပေးထားသော တရုတ်နိုင်ငံ၏ အကြီးဆုံး သမုဒ္ဒရာဆိုင်ရာသုတေသနနှင့် လေ့ကျင့်ရေးသင်္ဘောသည် ရှန်ဟိုင်းမြို့တွင် ဩဂုတ် ၂၈ ရက်က ရေချခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် ဩဂုတ် ၂၈ ရက် နံနက် ၁၀:၀၈ နာရီအထိ ခရီး ကီလိုမီတာ သန်း ၁၀၀ ခန့်သို့ ရောက်ရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန...
ဝူဟန့်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မျိုးဆက်သစ် အပျော်စီးလေယာဉ်ငယ် Lingyan AG50 သည် ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက ဟူပေပြည်နယ်တွင် ပွဲဦးထွက်ပျံသန်းမှု အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း လေယာဉ်တည်ဆောက်သူ တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်းက ပြောခဲ့သည်။