ဝန်ချန်း၊ ဟိုင်နန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာကာသ စူးစမ်းလေ့လာရေးယာဉ်ကို ဇူလိုင် ၂၃ ရက်တွင် လွှတ်တင်ခဲ့ပြီး ဂြိုဟ်ပတ်လမ်းကြောင်းပတ်ခြင်း၊ ဆင်းသက်ခြင်းနှင့် လှည့်လည်သွားလာခြင်းကို လုပ်ငန်းစဉ်တစ်ခုတည်းအတွင်း ပြီးမြောက်ရန် ရည်ရွယ်ထားပြီး အင်္ဂါဂြိုဟ် ဆိုလာစနစ် စူးစမ်းလေ့လာရေး၌ ပထမခြေလှမ်းလည်း ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် စီစဉ်ထားသော ထျန်းဝန်-၁ (Tianwen-1) အင်္ဂါဂြိုဟ်ခရီးစဉ် တာဝန်သစ်များထမ်းဆောင်ရန် ထပ်ဆင့်လွှင့်ဂြိုဟ်တုနှစ်စင်း ပြင်ဆင်မွမ်းမံမှု ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ချန်တူး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ လေတပ်၏ Y-9 ဆေးဘက်ဆိုင်ရာသုံးလေယာဉ်သည် ယခုတစ်ပတ်အတွင်း ပထမဆုံးလွှဲပြောင်း ပို့ဆောင်ရေးတာဝန်ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်အဆိုအရ သိရသည်။
ဝန်ချန်း ၊ ဟိုင်နန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး ခရီးစဉ် လွှတ်တင်ရာတွင် အသုံးပြုရန် စတုတ္ထ Long March-5 ဒုံးပျံအား တရုတ် နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ဝန်ချန်း အာကာသလွှတ်တင်ရေးစင်တာရှိ လွှတ်တင်သည့် ဧရိယာသို့ ယနေ့ ဇူလိုင်...
ကွမ်ကျိုး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ WeRide ကုမ္ပဏီက ၎င်းတို့၏ မောင်းသူမဲ့မော်တော်ယာဉ်များအား နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ရှိ အများပြည်သူသုံးလမ်းမများပေါ်တွင် စမ်းသပ်မောင်းနှင်ရန် အစိုးရ၏ခွင့်ပြုချက် ရရှိပြီဖြစ်ကြောင်း ဇူလိုင် ၁၀ ရက်က ကြေညာခဲ့သည်။
ရှီးချန်း ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက APSTAR-6D အမည်ပေးထားသော စီးပွားဖြစ် ဆက်သွယ်ရေး ဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံ အနောက်တောင်ပိုင်းရှိ ရှီးချန်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ သတ်မှတ်ဂြိုလ်ပတ်လမ်းအတွင်းသို့ ဇူလိုင် ၉ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ချင်းဟိုင်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အသစ်လွှတ်တင်လိုက်သော ရုပ်ထွက်မြင့်မားသည့် ဘက်စုံပုံရိပ်ဖတ်ဂြိုဟ်တုထံမှ အချက်အလက်များကို အောင်မြင်စွာ လက်ခံရရှိခဲ့ကြောင်း တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ (CAS) က ဇူလိုင် ၇ ရက်တွင် ပြောကြားလိုက်သည်။
ကျိုချွမ်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျိုချွမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-6 စီးရီး ဒုတိယမြောက်ဂြိုဟ်တုကို Long March-2Dဒုံးပျံတွင် တင်ဆောင်၍ သတ်မှတ် ဂြိုဟ်ပတ်လမ်းကြောင်းသို့ရောက်အောင် ဇူလိုင် ၅ ရက် နံနက် ၇ နာရီ ၄၄ မိနစ်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံ ကျိုချွမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ...
ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနေလင့်ကစား နိုင်ငံ၏ အင်တာနက် နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ယခုနှစ် ပထမ ငါးလတွင် အမြတ်ငွေရရှိမှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။