ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုက မကြာသေးမီက လွှတ်တင်ခဲ့သော ကမ္ဘာမြေ စူးစမ်းလေ့လာရေးဂြိုဟ်တု Gaofen-7 မှ အချက်အလက်ကို အခြေခံထားသည့် ပထမအသုတ် 3D ရုပ်ပုံကို ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) ၏ ၅၁ဒသမ၃ ရာခိုင်နှုန်းကျော်သည် ၂၀၂၃ ခုနှစ်တွင် ဒီဂျစ်တယ်နည်းပညာနှင့်ဆက်စပ်လာမည်ဖြစ်ကြောင်း ၊ အကြောင်းမှာ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်နည်းပညာကို အဆင့်မြှင့်တင် အသုံးပြုလာကြ၍ ဖြစ်ကြောင်း နိုင်ငံတကာအချက်အလက်ညွှန်းကိန်းအဖွဲ့(IDC) က ဟောကိန်းထုတ်ခဲ့သည်။
ဗီယင်ကျန်း ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ကျရောက်သော လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ တည်ထောင်ခြင်း ၄၄ နှစ်မြောက် နှစ်ပတ်လည် အခါသမယတွင် တရုတ်နိုင်ငံရထားလမ်း တည်ဆောက်ရေး အမှတ်(၂) အင်ဂျင်နီယာအုပ်စု(CREC-2) က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ တရုတ်-လာအိုရထားလမ်းစီမံကိန်းအတွက် ပထမဆုံး...
ဝူဟန့်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နုင်ငံ အလယ်ပိုင်း ဟူပိန် ပြည်နယ် ရှိ ဝူဟန့်-ရှီးရန် မြန်နှုန်းမြင့်ရထားလမ်း အား နိုဝင်ဘာ ၂၉ ရက် တွင် ရထားများ စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။ အဆိုပါမြန်နှုန်းမြင့်ရထားလမ်းသည် ဝူဟန့်-ရှီးရန် အားခရီးသွားလာရန်ကြာချိန် တစ်ဝက်ပိုမိုသက်သာသွားပြီး ရထားစီးနင်းရသည့်...
ရှီးအမ်း၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ လေယာဉ်ပျံထုတ်လုပ်သည့် ရှီးအမ်းလေယာဉ်လုပ်ငန်းစု (XAC)က နည်းပညာမြင့်မားသည့် Xinzhou-60 လေယာဉ်ပျံ ၂ စီး ကို ဝေဟင်လေ့လာရေးလုပ်ငန်းများတွင် အဝေးထိန်းအာရုံခံလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် တရုတ်သိပ္ပံအကယ်ဒမီကျောင်း (CAS) သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုက်ယွမ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘာမြေလေ့လာစူးစမ်းမှုဂြိုဟ်တုအသစ်တစ်စင်းကို နိုင်ငံ မြောက်ပိုင်း ဆန်ရှီးပြည်နယ်ရှိ ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ နိုဝင်ဘာ ၂၈ ရက် ပေကျင်းစံတော်ချိန် နံနက် ၇:၅၂ နာရီတွင် အာကာသအတွင်းသို့ လွှတ်တင်လိုက်ကြောင်း သိရသည်။
လန်ဒန် ၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဗြိတိန် နိုင်ငံ တော်ဝင် အာကာသ အင်စတီကျု ၏ ၂၀၁၉ ခုနှစ် ဆုပေးပွဲ အခမ်းအနား အား နိုဝင်ဘာ ၂၅ ရက် ညပိုင်း အချိန်တွင် လန်ဒန် မြို့ ၌ ကျင်းပ...
ပေကျင်း ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ၏ မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်မှာ ယခုနှစ်ကုန်တွင် ခန့်မှန်း ကီလိုမီတာ ၃၅,၀၀၀ ခန့် အရှည်နှင့် အတူ ကမ္ဘာတွင် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်သွားမည် ဖြစ်ကြောင်း China Railway ထံမှ သိရသည်။
ရှီးချန်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) ၂လုံးအား နိုဝင်ဘာ ၂၃ ရက် ၊နံနက် ၈နာရီ၅၅မိနစ်တွင် Sichuanပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှလွှတ်တင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှောင်မီ (Xiaomi) နည်းပညာလုပ်ငန်းက ၎င်းတို့၏ စမတ်ဖုန်းနှင့် တီဗီထုတ်ကုန်များမှာ ယခုအခါ တတိယမြောက် ကြားခံ app များအသုံးမပြုဘဲ ငလျင်သတိပေးချက်များကိုပါ ဖမ်းယူနိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာလိုက်သည်။