Social, Education & Health
တရုတ်နိုင်ငံ၏ ပထမဆုံး မျက်ကြည်လွှာတု ဈေးကွက်ထဲသို့ ရောက်ရှိ

ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
တရားဝင် လိုင်စင်ရရှိထားပြီး ယမန်နှစ်က မိတ်ဆက်ခဲ့သည့် တရုတ်နိုင်ငံ၏ ပထမဆုံး မျက်ကြည်လွှာတုအား ဈေးကွက်ထဲသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း တရုတ် အစားအစာနှင့် ဆေးဝါး ကွပ်ကဲရေး (CFDA) အရ သိ ရသည်။
ယင်း မျက်ကြည်လွှာတုသည် မျက်ကြည်လွှာ ပြည်တည်နာ ကုသရာ၌ ထိရောက်မှုရှိကြောင်း ခွင့်ပြုချက် ရရှိ ပြီးဖြစ်ကြောင်း ဧပြီလ ၁ ရက်ကထုတ်ပြန်ထားသည့် အစီရင်ခံစာ၌ CFDA ကပြောကြားထားသည်။
အဆိုပါ ထုတ်ကုန်၏ အဓိက နည်းပညာအား အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အား တရုတ်က ပိုင်ဆိုင်ကြောင်း CFDA က ဆိုသည်။ (Xinhua)