Connect with us

Social, Education & Health

ဘင်္ဂလားဒေ့ရှ် ကျောင်းသား ၁၉၂ ဦ်း အား တရုတ် အစိုးရ ပညာသင်ဆု ချီးမြှင့်ပေးအပ်

ဘင်္ဂလားဒေ့ရှ် ကျောင်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဒါကာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ယခု ၂၀၁၆- ၂၀၁၇ ပညာသင်နှစ် အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ကျောင်းသား ၁၉၂ ဦးအား တရုတ် အစိုးရ ပညာသင်ဆု ပေးအပ်မည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာရှိ တရုတ်သံရုံး၏ ဧပြီလ ၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးလာခြင်းနှင့် အတူ တရုတ်နိုင်ငံသို့ ဘင်္ဂလားဒေ့ရှ် ကျောင်းသားများ ပိုမိုလာရောက်ကာ ပညာသင်ကြားနိုင်မည် ဖြစ်သည်။

၂၀၁၃ ခုနှစ်ကတည်းက တရုတ်နိုင်ငံ အစိုးရသည် နှစ်စဉ် ဘင်္ဂလားဒေ့ရှ် ကျောင်းသား ၁၆၂ ဦးအား ကာလတို သို့မဟုတ် ကာလရှည် အပြည့် အဝ ပညာသင်ဆု ထောက်ပံ့ပေးလျက်ရှိသည်။

၂၀၁၅ ခုနှစ်တွင် တရုတ် အစိုးရ၏ ထောက်ပံ့မှုဖြင့် တရုတ်နိုင်ငံတွင် ပညာသင်ကြားနေသည့် ဘင်္ဂလားဒေ့ရှ် ကျောင်းသား ၁,၀၀၀ နီးပါးရှိကြောင်း တရုတ် သံရုံးစာရင်းအရ သိရသည်။

တရုတ် အစိုးရ ပညာသင်ဆုတွင် ကျူရှင်ခ၊ အခြေခံ သင်ကြားရေးသုံး ပစ္စည်းများ အတွက် အခကြေးငွေ၊ နေရာ ထိုင်ခင်းနှင့် နေထိုင်စရိတ်၊ ပြင်ပကျန်းမာရေး ဝန်ဆောင်စရိတ်၊ တရုတ်အစိုးရ၏ စကောလားရှစ် အစီအစဉ် အောက်ရှိ နိုင်ငံတကာ ကျောင်းသားများ အတွက် အပြည့်အဝ ကျန်းမာရေး အာမခံမှု စသည့် အစီအစဉ်များ ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.