Connect with us

Social, Education & Health

တရုတ် လူဦးရေသည် ၂၀၃၀ ခုနှစ်တွင် ၁.၄၅ ဘီလီယံ အထိ ရောက်ရှိလာ မည်ဟု ခန့်မှန်း

တရုတ်နိုင်ငံ ပေကျင်းမြို့ ရထားဘူတာရုံတစ်ခု တွင် ခရီးသည်များ စောင့်ဆိုင်း နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာလ ၃၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံသည် ကလေး တစ်ယောက် ပေါ်လစီကို ပယ်ဖျက်ပြီး ဇနီးမောင်နှံတိုင်းအား ကလေး နှစ်ယောက်ထိ ယူခွင့် ပေးလိုက်ခြင်းကြောင့် တရုတ်လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် ၁.၄၅ ဘီလီယံ အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းကြောင်း သိရသည်။

ပေါ်လစီအား ပြောင်းလဲ လိုက်ပြီးနောက် ကလေးမွေးဖွားနှုန်း သည် နောင်လာမည့် နှစ်အနည်းငယ်အတွင်း ပမာဏ တစ်ခုအထိ အတော်အတန် တိုးမြင့်လာနိုင်ကြောင်း နှင့် ကလေးမွေးဖွားမှု သည် အမြင့်ဆုံး နှစ်တွင် သန်း၂၀ ကျော်အထိ ရောက်ရှိ သွားနိုင်သည်ဟု ခန့်မှန်းကြောင်း အမျိုးသား ကျန်းမာရေးနှင့် မိသားစု စီမံကိန်း ရေးဆွဲရေး ကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌ ဝမ်ဖေအန်းက အောက်တိုဘာလ ၃၀ ရက် တွင် ပြောကြားခဲ့သည်။

တရုတ် ကွန်မြူနစ် ပါတီ သည် အောက်တိုဘာလ ၂၉ ရက် အဓိက အစည်းအဝေး အပြီးတွင် ဇနီးမောင်နှံ အားလုံးအတွက် ဆယ်စုနှစ်ကြာ ချမှတ်ထားသည့် ကလေးတစ်ယောက် ပေါ်လစီကို ပယ်ဖျက်ခဲ့ပြီး ကလေးနှစ်ယောက် မွေးဖွားခွင့် ပေးခဲ့သည်။

ပေါ်လစီ ပြောင်းလဲပြီးနောက် ဇနီးမောင်နှံ သန်း၉၀ ခန့်သည် ဒုတိယမြောက် ကလေး ထပ်မံယူရန် အရည်အချင်း ပြည့်မီကြောင်း နှင့် အရည်အချင်း ပြည့်မီသည့် အမျိုးသမီးများ အနက် ၆၀ ရာခိုင်နှုန်းမှာ ၃၅ နှစ် နှင့် အထက် ဖြစ်ကြောင်း ဝမ်မှ ပြောကြားခဲ့သည်။
အမျိုးသား သန်းခေါင်စာရင်း ဗျူရို ၏ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် အကုန်တွင် တရုတ်နိုင်ငံ၌ လူဦးရေ ၁.၃၆၈ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)