Connect with us

Social, Education & Health

ပေကျင်းရှိ ဇနီးမောင်နှံ စုံတွဲ ၅၃,၀၀၀ ကျော် ဒုတိယမြောက် ကလေး မွေးဖွား ခွင့်လျှောက်ထား

ဒုတိယမြောက် ကလေး မွေးဖွားခွင့် ရရှိခဲ့သည့် မိခင်တစ်ဦးမှ မွေးဖွားခွင့် လက်မှတ်အား ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် အစောပိုင်းတွင် ပြောင်းလဲ လိုက်သော ကလေးမွေးဖွားမှု ထိန်းချုပ်သည့် ဥပဒေ စတင် ကတည်းက ပေကျင်းရှိ ဇနီးမောင်နှံစုံတွဲ ၅၃,၀၀၀ ကျော်သည် ဒုတိယမြောက် ကလေး မွေးဖွားခွင့် ရရှိရန် လျှောက်ထားခဲ့ကြ ကြောင်း သိရှိရသည်။

စက်တင်ဘာလ အကုန်ပိုင်းအထိ ပေကျင်းရှိ ဇနီးမောင်နှံ စုံတွဲ ပေါင်း ၅၃,၀၃၄ ယောက်သည် ဒုတိယမြောက် ကလေး မွေးဖွားခွင့် ရရှိရန် လျှောက်ထားခဲ့ကြပြီး ၎င်းတို့အနက်မှ ဇနီးမောင်နှံ ပေါင်း ၄၈,၃၉၂ ယောက် မွေးဖွားခွင့် ရရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ၁၉၇၀ ပြည့်နှစ်များမှ စ၍ ကြီးထွားလာသည့် လူဦးရေကို ထိန်းချုပ်ရန် ကလေး မွေးဖွားခြင်း ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေ အရ မြို့နေ ဇနီးမောင်နှံများသည် ကလေး တစ်ယောက်သာ ယူခွင့်ရှိပြီး ကျေးလက်နေ ဇနီးမောင်နှံများ အနေဖြင့် ပထမ ကလေးသည် မိန်းကလေးဖြစ်ပါက ဒုတိယကလေး ထပ်မံယူ ခွင့် ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် အကုန်ပိုင်းလောက် တွင် ကလေး မွေးဖွားခြင်း ဆိုင်ရာ ဥပဒေကို ပြောင်းလဲခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ဇနီးမောင်နှံများ အား ကလေးတစ်ယောက်သာ ရှိခဲ့လျှင် ဒုတိယမြောက် ကလေး ထပ်မံ မွေးဖွားခွင့် ပေးခဲ့ကြောင်း သိရှိရသည်။

ပေကျင်းသည် လက်ရှိတွင် အမြဲတမ်းနေထိုင်သူ ဦးရေ သည် သန်း၂၀ ကျော်ရှိပြီး အသစ် ပြဋ္ဌာန်းလိုက်သည့် ဥပဒေ အရ ၂၀၁၉ ခုနှစ် မတိုင်မီ ကိုယ်ဝန်ဆောင် မွေးဖွားမှု ၅၄,၂၀၀ ခန့်ရှိလာမည် ဖြစ်ပြီး လူဦးရေသည် ၂၇၀,၀၀၀ ကျော် ထပ်မံ တိုးတက်လာမည် ဖြစ်ကြောင်း နှင့် ထိုအရေအတွက်သည် ထိပ်ဆုံး၌ ရပ်တန့်သွားပြီးနောက် တဖြည်းဖြည်း ပြန်လည်ကျဆင်း သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.