Connect with us

Social, Education & Health

ချိုမိုလန်းမားတောင်၏ အမြင့်ကို တိုင်းတာရန် တရုတ်နိုင်ငံမှ မြေတိုင်းကျွမ်းကျင်သူများ စတင်ထွက်ခွာ

ချိုမိုလန်းမားတောင်ထိပ်သို့ တက်ရောက်မည့် တောင်တက်သမားများနှင့် လေ့လာစစ်တမ်းကောက်သူများ တောင်ခြေမှ စတင်ထွက်ခွာနေသည်ကို မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိုမိုလန်းမားတောင် အခြေစိုက်စခန်း၊ မေ ၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့အမြင့်ဆုံးတောင်၏ အမြင့်ကို ပြန်လည်တိုင်းတာရန် တရုတ်နိုင်ငံ၏ လုပ်ငန်းစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် လေ့လာစစ်တမ်းကောက်ယူကြမည့် တရုတ်နိုင်ငံမှ မြေတိုင်းကျွမ်းကျင်ပညာရှင် ၃၀ ကျော်ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် ချိုမိုလန်းမား (Qomolangma) တောင်ခြေ အခြေစိုက်စခန်းမှ မေ ၆ ရက်က ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ကျွမ်းကျင်တောင်တက်သမားများနှင့် သဘာဝအရင်းအမြစ်များဆိုင်ရာ ဝန်ကြီးဌာနမှ မြေတိုင်းပညာရှင်များ ပါဝင်သောအဖွဲ့သည် လက်ရှိရာသီဥတုအခြေအနေကို အသုံးချကာ သင့်လျော်သောအချိန်၌ တောင်ထိပ်သို့ တက်ရောက်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။

မြေတိုင်းကျွမ်းကျင်သူများသည် တောင်ထိပ်အမြင့်ကို ကမ္ဘာ့တည်နေရာပြဂြိုဟ်တုစနစ်များ (Global Navigation Satellite System) နှင့် ကမ္ဘာ့ဆွဲအားအရှိန်တိုင်းကိရိယာ (Gravimeter) စသည့် ကိရိယာများအသုံးပြုကာ တိုင်းတာသွားမည်ဖြစ်ကြောင်း အားကစားဆိုင်ရာ အထွေထွေစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တက်လုပ်ငန်း စီမံခန့်ခွဲမှုစင်တာ ဒုတိယ ညွှန်ကြားရေးမှူး ဝမ်ဟုန်ဖုန်းက ပြောကြားခဲ့သည်။

ချိုမိုလန်းမားတောင်ထိပ်သို့ တက်ရောက်မည့် တောင်တက်သမားများနှင့် လေ့လာစစ်တမ်းကောက်သူများ တောင်ခြေမှ စတင်ထွက်ခွာနေသည်ကို မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိုမိုလန်းမားတောင်ထိပ်သို့ တက်ရောက်မည့် တောင်တက်သမားများနှင့် လေ့လာစစ်တမ်းကောက်သူများ တောင်ခြေမှ စတင်ထွက်ခွာနေသည်ကို မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိုမိုလန်းမားတောင်ထိပ်သို့ တက်ရောက်မည့် တောင်တက်သမားများနှင့် လေ့လာစစ်တမ်းကောက်သူများ တောင်ခြေမှ စတင်ထွက်ခွာနေသည်ကို မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိုမိုလန်းမားတောင်ထိပ်သို့ တက်ရောက်မည့် တောင်တက်သမားများနှင့် လေ့လာစစ်တမ်းကောက်သူများ တောင်ခြေမှ စတင်ထွက်ခွာနေသည်ကို မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိုမိုလန်းမားတောင်ထိပ်သို့ တက်ရောက်မည့် တောင်တက်သမားများနှင့် လေ့လာစစ်တမ်းကောက်သူများ တောင်ခြေမှ စတင်ထွက်ခွာနေသည်ကို မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိုမိုလန်းမားတောင်ထိပ်သို့ တက်ရောက်မည့် တောင်တက်သမားများနှင့် လေ့လာစစ်တမ်းကောက်သူများ တောင်ခြေမှ စတင်ထွက်ခွာနေသည်ကို မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါပညာရှင်များက တောင်တက်ခြင်းနှင့် ပင်လယ်ရေမျက်နှာပြင်အထက်  မြင့်မားသောဒေသတွင် စစ်တမ်းကောက်ယူခြင်းဆိုင်ရာ စွမ်းရည်လေ့ကျင့်မှုများအတွက် ဧပြီလအစောပိုင်းကတည်းက ချိုမိုလန်းမားတောင်၏ အခြေစိုက်စခန်းသို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်ခဲ့ချိန် ၁၉၄၉ ခုနှစ်ကစ၍ တရုတ် မြေတိုင်းပညာရှင်များက ချိုမိုလန်းမားတောင်တွင် အမြင့်ပေတိုင်းတာမှုနှင့် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန ၆ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း၊ တောင်ထိပ်အမြင့်ပေကို ၁၉၇၅ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တို့တွင် နှစ်ကြိမ် ထုတ်ပြန်ခဲ့ရာ အမြင့်ပေ ၈,၈၄၈.၁၃ မီတာနှင့် ၈,၈၄၄.၄၃ မီတာ အသီးသီးရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.