Connect with us

Social, Education & Health

စောစီးစွာ ရောဂါ ရှာဖွေတွေ့ရှိခြင်း ၊ ကုသပေးခြင်းတို့ကြောင့် တရုတ်နိုင်ငံ၌ ဝေဒနာ သက်သာလာသူ ဦးရေ တိုးမြင့် ခဲ့ခြင်းဖြစ်

တရုတ်နိုင်ငံ ဟူပေ ပြည်နယ်ရှိ ဆေးရုံ တစ်ခု၌ ဆေးရုံဝန်ထမ်းများက လူနာ တစ်ဦးကို နှစ်သိမ့်အားပေး နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) လက္ခဏာများ စတင် ဖြစ်ပေါ်ခဲ့သည့် အချိန်မှစတင်၍ ရောဂါ ရှာဖွေ တွေ့ရှိသည် အထိ ကြာချိန်မှာ ပျမ်းမျှ ငါးရက် မပြည့်မီ (၄ ဒသမ ၉၅ ရက်) အတွင်း ဝေဒနာရှင်ကို ရောဂါ ဖော်ထုတ်နိုင်ခဲ့ကြောင်း ကျန်းမာရေး တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

“စောစောစီးစီး ၊ အချိန်မီ ကုသနိုင်ဖို့ အတွက် ရောဂါကို အချိန်တိုအတွင်းမှာ ကျွန်တော်တို့ ရှာတွေ့နိုင် ခဲ့ပါတယ်။ ဒါက ရောဂါ သက်သာလာသူ ဦးရေ တိုးမြင့်လာဖို့ အတွက် အကျိုးရှိစေတဲ့ နည်းလမ်း ဖြစ်ပါတယ်။”ဟု Guo Yanhong က တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်(NHC)က ပေကျင်းမြို့၌ နေ့စဉ် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်၏ အချက်အလက်များအရ ဖေဖော်ဝါရီ ၁၆ ရက် အထိ COVID-19 လူနာ စုစုပေါင်း ၁၀,၈၄၄ ဦးမှာ ဝေဒနာ ပြန်လည် သက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့် ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ 

ရောဂါ ဖြစ်ပွားမှု အများဆုံး ပြည်နယ် ဖြစ်သည့် ဟူပေပြည်နယ် ပြင်ပ၌ နေ့စဉ် ရောဂါ အသစ် ဖြစ်ပွားမှုနှုန်း မှာလည်း ၁၃ ရက် ဆက်တိုက် ကျဆင်းလျက် ရှိကြောင်း သိရသည်။ 

အဆိုပါ အချက်အလက်များအရ လတ်တလော ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး လုပ်ငန်းများမှာ ရလဒ်ကောင်းများ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ကြောင်း Guo Yanhong က ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.