Connect with us

Social, Education & Health

PLAမှ ထပ်မံအားဖြည့် စေလွှတ်သည့် ဆေးကုသရေးတပ်ဖွဲ့ဝင် အားလုံး ဝူဟန့်သို့ ရောက်ရှိ

ဟူပေပြည်နယ် ရောဂါတိုက်ဖျက်ရေးတွင် ဆေးကုသရေးတာဝန် ထမ်းဆောင်ရန် ရောက်ရှိလာသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) 

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)မှ ထပ်မံအားဖြည့် စေလွှတ်ထားသည့် ဆေးကုသရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ဝူဟန့်မြို့သို့ အားလုံးရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ 

COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် ဝူဟန့်မြို့သို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)မှ ဆေးကုသရေးတပ်ဖွဲ့ဝင် ၂,၆၀၀ ဦးကို နှစ်သုတ်ခွဲကာ ထပ်မံအားဖြည့်စေလွှတ် ခဲ့ရာ ပထမအသုတ်အနေဖြင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တပ်ဖွဲ့ဝင် ၁,၄၀၀ ဦး၊ ဒုတိယအသုတ် အနေဖြင့် ယနေ့တွင် ဆေးကုသရေးတပ်ဖွဲ့ဝင် ၁,၂၀၀ ဦး အားလုံးရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

ဟူပေပြည်နယ် ရောဂါတိုက်ဖျက်ရေးတွင် ဆေးကုသရေးတာဝန် ထမ်းဆောင်ရန် ရောက်ရှိလာသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ) 

ဟူပေပြည်နယ် ရောဂါတိုက်ဖျက်ရေးတွင် ဆေးကုသရေးတာဝန် ထမ်းဆောင်ရန် ရောက်ရှိလာသည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA)တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ) 

ဖေဖော်ဝါရီ ၁၃ ရက်တွင် ရောက်ရှိသည့် တပ်ဖွဲ့ဝင် ၁,၄၀၀ ဦးသည် ဝူဟန့် ထိုက်ခန်းထုံကျိဆေးရုံ၏ ကုသရေးတာဝန်ကို ထမ်းဆောင်နေကြောင်း၊ ယနေ့ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များမှာမူ ဟူပေပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုဆေးရုံ ကွမ်းကူ ကုသမှုဇုန်တွင် သက်ဆိုင်ရာ ကုသရေးတာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ရောက်ရှိလာသည့် ဆေးကုသရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးအထောက်အပံ့ပစ္စည်းကို လေယာဉ်၊မီးရထားများအသုံးပြု၍ ဝူဟန့်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)