Connect with us

Social, Education & Health

ပေကျင်းမြို့၌ ၆ ရက်အတွင်း နှာခေါင်းစည်းစက်ရုံအပြီးတည်ဆောက်

တရုတ်နိုင်ငံရှိ နှာခေါင်းစည်းစက်ရုံတစ်ခုတွင် ပြည်သူများထံပေးပို့မည့် နှာခေါင်းစည်းများအား ပြင်ဆင်နေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပေကျင်းမြို့၌ နိုဗယ်လ်ကိုရိုနာကူးစက်ပြန့်နှံ့မှုအား ကာကွယ်ရန် အလို့ငှာ လိုအပ်သော နှာခေါင်းစည်းများထုတ်လုပ်ပေးရန် စက်ရုံအဆောက်အဦတစ်ခုကို နှာခေါင်းစည်းစက်ရုံတစ်ရုံအဖြစ် အချိန် ၆ ရက်အတွင်း အပြီးပြောင်းလဲ တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါစက်ရုံကို တရုတ်နိုင်ငံ Construction First Group ကုမ္ပဏီမှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင် နှာခေါင်းစည်းပေါင်း ၂၅၀,၀၀၀ ခု ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံရှိ နှာခေါင်းစည်းစက်ရုံတစ်ခုတွင် ပြည်သူများထံပေးပို့မည့် နှာခေါင်းစည်းများအား ပြင်ဆင်နေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ နှာခေါင်းစည်းစက်ရုံတစ်ခုတွင် ပြည်သူများထံပေးပို့မည့် နှာခေါင်းစည်းများအား ပြင်ဆင်နေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ နှာခေါင်းစည်းစက်ရုံတစ်ခုတွင် ပြည်သူများထံပေးပို့မည့် နှာခေါင်းစည်းများအား ပြင်ဆင်နေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

စက်ရုံတည်ဆောက်မှုကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ခဲ့ပြီး အလုပ်သမားများအား နေ့ဆိုင်းညဆိုင်း နှစ်ပိုင်းခွဲ၍ ဖေဖော်ဝါရီ ၁၅ ရက်တွင် အပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အလုပ်သမားများအား ကူးစက်ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန် ဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် နေ့စဉ် အခြေခံ အခန်းအပူချိန်တစ်ခုကို ဖန်တီးပေးခဲ့ကြောင်းနှင့်  ရောဂါလက္ခဏာရှိနိုင်သော အလုပ်သမားများအတွက် သီးသန့်နေရာအခန်းများကို တည်ဆောက်ပေးခဲ့ကြောင်း ကုမ္ပဏီ၏ စီမံကိန်းမန်နေဂျာတစ်ဦးက ဆိုသည်။

တရုတ်နိုင်ငံ၏ ကူးစက်ရောဂါတိုက်ဖျက်ရေး စစ်မျက်နှာ၌ လုပ်ကိုင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ ၊ ရောဂါထိန်းချုပ်ရေးဆောင်ရွက်နေကြသည့် ပညာရှင်များ အပါအဝင် ပြည်သူများအတွက်ပါ နှာခေါင်းစည်းများသည် အလွန်အရေးပါသောအခန်းကဏ္ဍတွင် ရှိနေသည်။ 

အစိုးရအနေဖြင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ လိုအပ်ချက်ကွာဟမှု မရှိစေရန် ထုတ်လုပ်မှုအပိုင်းကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.