Connect with us

Social, Education & Health

တရုတ်နိုင်ငံက အဆုတ်ရောင်ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအရ အကာအကွယ်ပေးနိုင်သော အသုံးအဆောင်များ တိုးမြှင့်ထောက်ပံ့မည်

တရုတ်နိုင်ငံရှိ စက်ရုံတစ်ရုံတွင် ကျန်းမာရေးအရ အကာအကွယ်ပေးနိုင်သော အသုံးအဆောင်များချုပ်လုပ်နေသည့် အလုပ်သမားများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန (MIIT) က ဥရောပသမဂ္ဂ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ကျန်းမာရေးအရ အကာအကွယ်ပေးနိုင်သည့် အသုံးအဆောင်များ ထုတ်လုပ်ရန် ပြည်တွင်းထောက်ပံ့မှုများကို တိုးမြှင့်သွားမည်ဟု သိရသည်။

နှာခေါင်းစည်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

လက်ရှိတွင် အခြေအနေဆိုးဝါးစွာ ရှားပါးပြတ်တောက်သွားသော အသုံးအဆောင်များထုတ်လုပ်ရန် ထုတ်လုပ်ရေးပထမအုပ်စုကို လျာထားပြီးဖြစ်ကြောင်း MIIT ၌ဖော်ပြထားသည်။အဆိုပါထုတ်ကုန်များအား စောင့်ကြည့်ရေးအဆောင်နှင့် သီးသန့်အဆောင်များတွင်သာ အသုံးပြုသွားမည်ဖြစ်ပြီး သီးခြားထားရှိသော အထူးကြပ်မတ်ဆောင်များကဲ့သို့ တင်းကြပ်ထားသည့် ရောဂါပိုးထိန်းချုပ်သော နေရာများအတွက် အသုံးပြုမည်မဟုတ်ကြောင်း ဝန်ကြီးဌာန အင်ဂျင်နီယာချုပ် ထျန်ယုလုံက ဆိုသည်။ဝန်ကြီးဌာနသည် တရုတ် ကြက်ခြေနီအသင်းနှင့်အတူ အဆုတ်ရောင်ရောဂါ ကာကွယ်ရေးဆိုင်ရာ လက်ခံခြင်း၊ ရယူခြင်းနှင့် ခွဲဝေသတ်မှတ်ခြင်း စသည်တို့ ချောမွေ့စွာ လုပ်ဆောင်ရန် ညှိနှိုင်းဆောင်ရွက်ရေး လုပ်ထုံးလုပ်နည်းတစ်ခု တည်ထောင်ခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.