Connect with us

Social, Education & Health

တရုတ် နိုင်ငံ သိပ္ပံနည်းပညာ အကယ်ဒမီ ဝူဟန့် ဗိုင်းရပ်စ် ဌာန က ကိုရိုနာ ဗိုင်းရပ်စ် အား ပိုမို ကောင်းမွန်စွာ ထိန်းချုပ် နိုင်မည့် ဆေးဝါး များ ဖော်ထုတ်နိုင်ခဲ့ 

တရုတ် နိုင်ငံ သိပ္ပံနည်းပညာ အကယ်အမီ ဝူဟန့် ဗိုင်းရပ်စ် ဌာန ၏ ဝူဟန့် အမျိုးသား ဇီဝလုံခြုံမှု ဓာတ်ခွဲခန်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့် ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သိပ္ပံနည်းပညာ အကယ်ဒမီ ဝူဟန့် ဗိုင်းရပ်စ် ဌာန က နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် သုတေသန အပိုင်း တွင် ရှာဖွေ ဖေါ်ထုတ်မှုများ လုပ်ဆောင်နိုင်ခဲ့ပြီး ဆဲလ်အဆင့် တွင် ရောဂါပိုး အား ပိုမို ကောင်းမွန်စွာ ထိန်းချုပ် နိုင်သည့် ဆေးဝါး များ အား ရွေးချယ် အတည်ပြု နိုင်ခဲ့ကြောင်း နှင့်  လက်တွေ့ အသုံးချနိုင်ရန် တန်ဖိုးရှိသည့် အလားအလာ ကောင်းများ ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။

ဝူဟန့် ဗိုင်းရပ်စ် ဌာန သက်ဆိုင်ရာ တာဝန်ရှိသူ ၏ မိက်ဆက်ပြောကြားချက် အရ အတည်ပြု ရွေးချယ် ခဲ့သည့် ဆေးဝါး များအား နိုင်ငံတော် နှင့် ဟူပေ ပြည်နယ် ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ထိန်းချုပ်ရေး ညွှန်ကြားမှုဌာန သိပ္ပံဆိုင်ရာ သုတေသန အဖွဲ့ သို့ အစီရင်ခံစာ များ ပေးပို့ ခဲ့ပြီး ဘက်စုံ သုတေသန နှင့် သုံးသပ်မှုများ ပြုလုပ်ပြီးနောက် ဆေးဝါကုသ ကယ်ဆယ်ရေး အတွက် ညွှန်ကြားချက် များ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွား ပြီးနောက် တရုတ် နိုင်ငံ သိပ္ပံနည်းပညာ အကယ်အမီ ဝူဟန့် ဗိုင်းရပ်စ် ဌာန က ဝူဟန့် အမျိုးသား ဇီဝလုံခြုံမှု ဓာတ်ခွဲခန်း နှင့် အမျိုးသား ဗိုင်းရပ်စ် အရင်းအမြစ်ဘဏ် ၏ အချက်အလက်များဖြင့် ရောဂါပိုး အမျိုးအစား အတည်ပြုခြင်း လုပ်ငန်း ကို အဓိက ထား ဆောင်ရွက် ခဲ့ကြောင်း ၊ ဗိုင်းရပ်စ် အရင်းအမြစ် အား ခြေရာကောက်ခြင်း ၊ မူရင်း ဗိုင်းရပ်စ် အပေါ် စစ်ဆေးခြင်း ၊ ရောဂါပိုး ကာကွယ်သည့် ဆေးဝါး နှင့် ကြိုတင်ကာကွယ်သည့် ထိုးဆေး များ နှင့် ပတ်သက်၍ သုတေသန လုပ်ငန်းများ အား ဆောင်ရွက်ခဲ့ပြီး ရောဂါပိုး ထိန်ချုပ် ကာကွယ်ရေး ကို ရှေ့တန်း မှ ဆောင်ရွက်နေသည့် ဝန်ထမ်းများ အတွက် အရင်းအမြစ် အချက်အလက် နှင့် သိပ္ပံနည်းပညာ ထောက်ပံ့မှု များ ကို ကြိုးပမ်း စွာ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။င်း လုပ်ငန်း ဆောင်ရွက်ပြီး နောက်တွင် ဝူဟန့် အမျိုးသား ဇီဝလုံခြုံရေး ဓာတ်ခွဲခန်း က အမျိုးသား ကျန်းမာရေး ကော်မရှင် ၏ ခွင့်ပြုချက်ဖြင့်  နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ဆိုင်ရာ သုတေသန လုပ်ငန်း များ ဆောင်ရွက်ခွင့် ရရှိထားကြောင်း သိရှိရသည်။(Xinhua)