Connect with us

Social, Education & Health

ရောဂါအခြေအနေ ဖုံးကွယ်လိမ်ညာခြင်း၊ အရည်အသွေးညံ့ နှာခေါင်းစည်းထုတ်လုပ်ခြင်း၊ ကောလာဟလ သတင်းလွှင့်ခြင်းများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဟု တရုတ်နိုင်ငံ အမြင့်ဆုံး ပြည်သူ့ရှေ့နေချုပ်ရုံးက အကြောင်းကြားစာ ထုတ်ပြန် 

တရုတ်နိုင်ငံ ကျန်းရှီးပြည်နယ် ကျီအန်းမြို့ရှိ နှာခေါင်းစည်းထုတ်လုပ်သည့် စက်ရုံတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အမြင့်ဆုံး ပြည်သူ့ရှေ့နေချုပ်ရုံးသည် လွန်ခဲ့သောရက်များက ဗဟို ရောဂါထိန်းချုပ်ရေး စီမံမှုကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ အမှုစိစစ်ရေးဌာန ၏လုပ်ငန်းဆောင်တာ အကြောင်းကြားစာ တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ အကြောင်းကြားစာတွင် တစ်နိုင်ငံလုံးရှိ အမှုစိစစ်ရေးဌာနများက မိမိတို့၏တာဝန်ဝတ္တရား များကို အပြည့်အဝ ထမ်းဆောင်ကာ လူမှုအသိုက်အဝန်းနယ်ပယ်အသီးသီးတွင် ရောဂါကာကွယ် ထိန်းချုပ်ရေးကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားရန် အထောက်အပံ့ဖြစ်နိုင်မည့် ဥပဒေ စိုးမိုးသည့် ပတ်ဝန်းကျင်ကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကူးစက်ရောဂါ ကာကွယ်ကုသရေး ဥပဒေနှင့် ပြစ်မှုဆိုင်ရာ ဥပဒေများကို တင်းကျပ်စွာ ဆောင်ရွက်သွားရန် အကြောင်းကြားစာတွင် ဖော်ပြထားသည်။  

ရောဂါအခြေအနေကို ဖုံးကွယ်လိမ်ညာခြင်း၊ ကြိုတင်ကာကွယ်မှုနှင့် ထိန်းချုပ်မှုများကို အချိန်မီ မဆောင်ရွက်မှုကြောင့် ရောဂါပြန့်ပွားခြင်းစသည့် တာဝန်ဝတ္တရား ပျက်ကွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူရန် ၊ ကုန်ဈေးနှုန်းမြင့်တက်စေရန် အခွင့်ယူ ဈေးတင်ရောင်းချ အမြတ်ကြီးစားခြင်း၊ ဈေးကွက်ပျက်ပြားအောင် ကြံရွယ်လုပ်ဆောင်ခြင်းနှင့် အရည်အသွေးညံ ရောဂါကာကွယ်ရေးပစ္စည်းနှင့် ဆေးဝါးများ ထုတ်လုပ်ခြင်းကို  ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရန် ၊ကိုရိုနာအဆုတ်ရောင်ရောဂါရှိသူ သို့မဟုတ် ရှိသည်ဟု သံသယရှိသူက ရည်ရွယ်ချက်ရှိရှိရောဂါဖြန့်ခြင်း၊ကုသရန်နှင့် သီးသန့်ထားရှိရန်ငြင်းဆန်ခြင်းများကို ပြင်းထန်စွာအရေးယူရန်၊ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလတွင် ဆေးကုသရေးဝန်ထမ်းများ လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်စေရန် ဆေးကုသရေးဆရာဝန်နှင့်ဝန်ထမ်းများအား ဒဏ်ရာရအောင် အကြမ်းဖက် လုပ်ဆောင်မှုများကို တိုးမြှင့်တိုက်ဖျက်သွားရန်၊ ရောဂါ ကာကွယ်ထိန်းချုပ်မှုများ စနစ်တကျ ပုံမှန်ဆောင်ရွက်နိုင်ရန် လူမှုအသိုက်အဝန်တည်ငြိမ်စေရန် စိုးရိမ်ထိတ်လန့်စေမည့် အများပြည်သူ လုံခြုံရေးကို ထိခိုက်စေမည့် တရားဥပဒေကို ချိုးဖောက်သည့် မဟုတ်မမှန်လုပ်ကြံဖန်တီးသော ကောလာဟလ သတင်းလွှင့်မှုများ ပြင်းထန်စွာအရေးယူဆောင်ရွက်သွားရန် အကြောင်းကြားစာတွင် ဖော်ပြထားကြောင်း သိရသည်။(Xinhua)