Connect with us

Social, Education & Health

တရုတ်နိုင်ငံမှ နိုဘယ်လ်ဆုရှင် တူးယိုယို့၏ ငှက်ဖျား တိုက်ဖျက်ဆေး အား ဂါနာတွင် အသက်ကယ်ဆေး အဖြစ် ချီးကျူး

တရုတ်နိုင်ငံမှ နိုဘယ်လ်ဆုရှင် တူးယိုယို့ နိုဘယ်လ်ဆု ရရှိခြင်း အထိမ်းအမှတ် အခမ်းအနား တွင် တွေ့ရစဉ် (ဆင်ဟွာ)

အက်ရာ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ နိုဘယ်လ်ဆုရှင် တူးယိုယို့ နှင့်အဖွဲ့ဝင်များ ရှာဖွေတွေ့ရှိခဲ့သော အာတီမင်စင်နင် ခေါ် ငှက်ဖျား တိုက်ဖျက်ဆေး သည် ဂါနာနိုင်ငံ တွင် အသက်ပေါင်းများစွာကို ကယ်တင် ပေးနိုင်ခဲ့ကြောင်း ဆေးဝါး ပညာရှင်များက ပြောကြားခဲ့သည်။

မြို့တော် အက်ရာ အနီး လူ့အဖွဲ့အစည်းတစ်ခုမှ ဆေးဝါးပညာရှင် အာနိုး ဖာဒီနန် က အာတီမင်စင်နင် ကို ဂါနာ၌ စတင် မိတ်ဆက် အသုံးပြု ပြီး နောက်ပိုင်း ငှက်ဖျားရောဂါကုသမှု တွင် တိုးတက်မှု ကောင်းစွာ ရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

၎င်းက အာတီမင်စင်နင် အခြေခံ ပေါင်းစပ်ကုထုံး ခံယူပြီး နောက်ပိုင်းတွင် ဝေဒနာရှင်များသည် အချိန်တိုအတွင်း ပြန်လည် ကောင်းမွန်လာကြကြောင်း ပြောကြားခဲ့သည်။

ဖာဒီနန်က ဆက်လက်၍ ဝေဒနာရှင် တစ်ဦးသည် ကုသမှု ခံနေရသော မည့်သည့် အခြေအနေတွင်မဆို အထူးသဖြင့် ငှက်ဖျား ရောဂါ အတွက် ကုသမှု ခံစဉ်၌ ရောဂါ အခြေအနေ ဆိုးရွားမှုကို လျှော့ချနိုင်ပြီး မတော်တဆ သေဆုံးမှုနှုန်းကို နည်းပါးစေသော ဆေးမျိုးကို လိုအပ်ပါကြောင်း၊ ကျန်းမာရေး မကောင်းသည့် ကာလလျော့ကျ လာသည့်တိုင် ဆေးသည် ရောဂါ၏ အခြေအနေကို ကောင်းမွန်အောင် လုပ်နိုင်စွမ်း ရှိပြီး အထူးသဖြင့် ကပ်ပါးကောင်များသည် ဆေးဒဏ် ခံနိုင်ခြင်း မရှိစေရန် လိုအပ်ကြောင်းနှင့် အာတီမင်စင်နင်သည် ထို အချက်များကို ကောင်းစွာ ဖြည့်ဆည်း ပေးနိုင်ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အနောက်အာဖရိက နိုင်ငံများတွင် ငှက်ဖျားရောဂါသည် လူသေဆုံးမှု အဓိက အများဆုံး ရောဂါဖြစ်ပြီး နှစ်စဉ် လူဦးရေ ၄,၀၀၀ ကျော်သည် ယင်းရောဂါကြောင့် သေဆုံးရကြောင်း ထုတ်ပြန်ချက် တစ်ခု တွင် ဖော်ပြခဲ့သည်။

တရုတ် ဆေးဖက်ဝင် အပင်များ ပညာရှင် တူးယိုယို့သည် လူ့ အသက် သန်းပေါင်း များစွာကို ကယ်တင်နိုင်သည့် ငှက်ဖျား တိုက်ဖျက်ဆေး အာတီမင်စင်နင်ကို ရှာဖွေ တွေ့ရှိမှု ကြောင့် ၂၀၁၅ ခုနှစ် ဇီဝ ကမ္မဗေဒ (သို့) ဆေးပညာ နိုဘယ်လ်ဆုကို ရရှိခဲ့သည်။
Pills and Tabs ဆေးကုမ္ပဏီ မှ အကြီးတန်း ဆေးဝါးပညာရှင် ကွတ်ဘန်နာ ဘင်ပွန်း က အာဖရိကနှင့် ဂါနာအတွက် ကြီးမားတဲ့ အကျိုး သက်ရောက်မှုရှိသည့် ဆေးကို တွေ့ရှိမှုကြောင့် တူူးယိုယို့သည် နိုဘယ်လ် ဆုနှင့် ထိုက်တန်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)