Connect with us

Social, Education & Health

တရုတ်နိုင်ငံမှ ကုလသမဂ္ဂ၏ အီဘိုလာရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အတွက် အမေရိကန် ဒေါ်လာ ၅ သန်း လှူဒါန်း

နိုင်ငံ တကာ အီဘိုလာ တိုက်ဖျက်ရေး ညီလာခံကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ဇူလှိုင်လ အတွင်းက ကျင်းပခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ကုလသမဂ္ဂတို့သည် ကမ္ဘာလုံးဆိုင်ရာ အီဘိုလာရောဂါ တိုက်ဖျက်ရေး အကူအညီ အဖြစ် အမေရိကန်ဒေါ်လာ ၅ သန်း အား တရုတ်နိုင်ငံမှ လှူဒါန်းသည့် သဘောတူညီမှု စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့ကြကြောင်း အောက်တိုဘာလ ၁၄ ရက် တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။

တရုတ်နိုင်ငံ စီးပွားကူူးသန်း ဝန်ကြီးဌာနမှ ထုတ်ပြန်ချက် တစ်ခုတွင် သဘောတူညီချက်ကို တရုတ်နိုင်ငံ စီးပွားကူးသန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ကျန်းရှန့်ချန် နှင့် ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေး မှူးနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် ဌာနေ ကိုယ်စားလှယ် အလိန်း နိုဒန်ဟို တို့ လက်မှတ် ရေးထိုးကြကြောင်း သိရသည်။

ထိုလှူဒါန်းငွေများကို ကုလသမဂ္ဂ အီဘိုလာတုံ့ပြန်မှု ဘက်ပေါင်းစုံ မိတ်ဖက် ယုံကြည်မှု ရန်ပုံငွေမှ တစ်ဆင့် ကုလသမဂ္ဂ အီဘိုလာ အရေးပေါ်တုံ့ပြန်ရေး မစ်ရှင်အတွက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ယခင်နှစ်က အဆိုပါ ရန်ပုံငွေသို့ အမေရိကန် ဒေါ်လာ ၆ သန်း လှူဒါန်းခဲ့ကြောင်း သိရသည်။ (Xinhua)