Connect with us

Social, Education & Health

တရုတ်နိုင်ငံ၌ ကူးစက်မှုအန္တရာယ်နည်းပါးသော ဒေသများရှိ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ခွင့်ပြု

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရုပ်ရှင်ရုံတစ်ရုံ၌ ရောဂါကာကွယ်ရေးအတွက် ဇူလိုင် ၁၉ ရက်က ဝန်ထမ်းများ သန့်ရှင်းရေးလုပ်ဆောင်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ ထိန်းချုပ်မှု အခြေအနေ တိုးတက်လာပြီးနောက် ယနေ့ ဇူလိုင် ၂၀ ရက်မှ စတင်ကာ ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသည့် ဒေသများရှိ ရုပ်ရှင်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်သော ရုပ်ရှင်ရုံးများအနေဖြင့် ကောင်းမွန်သည့် ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေး အစီအစဉ်များလုပ်ဆောင်ထားရမည်ဖြစ်ကြောင်း နှင့်  ရောဂါကူးစက်မှုအန္တရာယ်မြင့်မားသော သို့မဟုတ် အလယ်အလတ်အဆင့်ရှိသည့် ဒေသများရှိ ရုပ်ရှင်ရုံများကိုမူ ပြန်လည်ဖွင့်လှစ်ခွင့်ပြုဦမည်မဟုတ်ကြောင်း တရုတ်နိုင်ငံ ရုပ်ရှင်လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့က ဆိုသည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ဟန်ဒန်(Handan) ရှိရုပ်ရှင်ရုံတစ်ရုံ၌  ရောဂါကာကွယ်ရေးအတွက် ဇူလိုင် ၁၉ ရက်က ကျန်းမာရေးဝန်ထမ်းများ ဆေးဖျန်းနေစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ဟန်ဒန်(Handan) ရှိရုပ်ရှင်ရုံတစ်ရုံ၌  ရောဂါကာကွယ်ရေးအတွက် ဇူလိုင် ၁၉ ရက်က ကျန်းမာရေးဝန်ထမ်းများ ဆေးဖျန်းနေစဉ်(ဆင်ဟွာ) 

 

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ဇွန်ဟွာ(Zunhua) ရှိရုပ်ရှင်ရုံတစ်ရုံ၌ ဇူလိုင် ၁၉ ရက်က ကျန်းမာရေးဝန်ထမ်းများ ဆေးဖျန်းနေစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ဇွန်ဟွာ(Zunhua) ရှိရုပ်ရှင်ရုံတစ်ရုံ၌ ဇူလိုင် ၁၉ ရက်က ကျန်းမာရေးဝန်ထမ်းများ ဆေးဖျန်းနေစဉ်(ဆင်ဟွာ) 

ပြန်လည်ဖွင့်လှစ်မည့် ရုပ်ရှင်ရုံများသည် ပရိသတ်ဝင်ဆံ့မှု၏ ၃၀ ရာခိုင်နှုန်းသာ လက်မှတ်ရောင်းချရမည်ဖြစ်ကြောင်း ၊ ရုံအတွင်းရှိ ထိုင်ခုံတန်းများအားလုံးအတွက် အတွဲလိုက်ထိုင်ခုံလက်မှတ်များကိုရောင်းချခွင့်မပြုကြောင်း နှင့် ရုပ်ရှင်ကြည့်ပရိသတ်များအနေဖြင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၁ မီတာအကွာမှ ထိုင်၍ ကြည့်ရှုရမည်ဖြစ်ကြောင်း သိရသည်။ 

ရုပ်ရှင်ကြည့် ပရိသတ်အားလုံးသည် မဖြစ်မနေ မိမိတို့ နာမည်အစစ်အမှန်ဖြင့် ကြိုတင်လက်မှတ်များ ဝယ်ယူရမည်ဖြစ်ပြီး လက်မှတ်ဝယ်ယူမှုအားလုံးကိုလည်း အွန်လိုင်းမှသာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.