Connect with us

Social, Education & Health

တရုတ်နိုင်ငံက နိုင်ငံတကာတွင် တရုတ်တိုင်းရင်းဆေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟဲဖေးမြို့ရှိ အန်းဟွေးဆေးတက္ကသိုလ်၏ ပထမတွဲဖက်ဆေးရုံတွင် တရုတ်တိုင်းရင်းများကို ဆေးဝါးကျွမ်းကျင်သူတစ်ဦးက ဆေးဝါးပေါင်းစပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပြည်ပရှိ ကွန်ဖြူးရှပ်အင်စတီကျူ့များနှင့် ပြည်တွင်း တရုတ်တိုင်းရင်းဆေး (TCM) ကောလိပ်များမှတစ်ဆင့် TCM ၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။ 

နိုင်ငံပေါင်း ၇၈ နိုင်ငံရှိ ကွန်ဖြူးရှပ်အင်စတီကျူ့ ၂၄၀ ကျော်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ တရုတ်တိုင်းရင်းဆေးများနှင့် ထိုက်ချိ သင်ခန်းစာများကို ထည့်သွင်းသင်ကြားခဲ့ပြီး ကျောင်းသား ၃၅,၀၀၀ ခန့် မှတ်ပုံတင်ရန် စွဲဆောင်ထားနိုင်ခဲ့ပြီး ၊ ၁၈၅,၀၀၀ ခန့်မှာ ဆက်စပ်သောလှုပ်ရှားမှုများ၌ ပါဝင်ခဲ့ကြကြောင်း တရုတ်နိုင်ငံ အမျိုးသား တရုတ်တိုင်းရင်းဆေးစီမံခန့်ခွဲမှုဦးစီးဌာနမှ အချက်အလက်များအရ သိရသည်။ 

တရုတ်နိုင်ငံ တစ်ဝန်းရှိ ပြည်တွင်း TCM ကောလိပ်များတွင်လည်း နှစ်စဉ် ပျမ်းမျှ နိုင်ငံခြားသား ကျောင်းသား ၁၀,၀၀၀ ကျော်က TCM ကို အဓိကဘာသာရပ်အဖြစ် သင်ကြားလျက်ရှိကြောင်း အမျိုးသား တရုတ်တိုင်းရင်းဆေး စီမံခန့်ခွဲမှုဦးစီးဌာနက ဆိုသည်။ 

တရုတ်နိုင်ငံသည် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်တွင် ပါဝင်ဖော်ဆောင်နေသောနိုင်ငံများတွင် တရုတ်တိုင်းရင်းဆေးဆိုင်ရာ နိုင်ငံရပ်ခြားစင်တာ ၃၀ ကို ထူထောင်ရန် လုပ်ဆောင်လျက်ရှိပြီး ယင်းနိုင်ငံများအား တရုတ်အပ်စိုက်ကုထုံးကဲ့သို့ ရောဂါကုထုံးများကိုလည်း ဆောင်ကြဉ်းပေးလျက်ရှိသည်။ 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံပေါင်း ၉၀ နီးပါးတွင် TCM ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ၃၈၈ ခုကို စတင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသား တရုတ်တိုင်းရင်းဆေးစီမံခန့်ခွဲမှုဦးစီးဌာနအရ သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117