Connect with us

Social, Education & Health

တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ဆောင်ချက်အပေါ် ယုံကြည်မှုရှိကြောင်း ပြည်ပနိုင်ငံများမှ နိုင်ငံရေးပါတီ ခေါင်းဆောင်များ ဖော်ပြ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန့်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

 

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများအပေါ် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များက ချီးကျူးကြောင်းနှင့် ယုံကြည်မှုရှိကြောင်း  ဖော်ပြခဲ့ကြသည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် တရုတ်ပြည်သူများအား ဦးဆောင်ကာ စိန်ခေါ်မှုပေါင်းများစွာကို ကျော်လွှားနိုင်ခဲ့ပြီးဖြစ်သလို ယခုတစ်ဖန် ရောဂါတိုက်ဖျက်ရေးတွင်လည်း CPC အနေဖြင့် အနိုင်ရမည်ဟု အခိုင်အမာယုံကြည်ကြောင်း ထိုင်းနိုင်ငံ ဒီမိုကရက်ပါတီ အကြီးအကဲ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးဝန်ကြီး ဂျူရင် လတ်ဆာနာဝီဆစ် (Jurin Laksanawisit) က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၊ ဝူဟန့်မြို့သို့ ထွက်ခွာမည့် ဆေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးအား မိသားစုက နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံသား ကလေးငယ်တစ်ဦးက တရုတ်နိုင်ငံ၏ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအား ထောက်ခံကြောင်း ရုပ်ပုံရေးဆွဲထားသည်ကို ပြသနေစဉ် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဘီလာဝဲလ် ဘူတို ဇာဒါရီ (Bilawal Bhutto Zardari) က CPC ဗဟိုကော်မတီ အထွေအထွေအတွင်းရေးမှူး ရှီကျင့်ဖိန်နှင့် CPC တို့သည် တရုတ် ပြည်သူများအား ဦးဆောင်ကာ မျှော်မှန်းမထားသော ဗိုင်းရပ်စ်ဖြစ်ပွားမှုအပေါ် အသိအမှတ်ပြုလောက်ဖွယ် လျင်မြန် ထိရောက်စွာ တုံ့ပြန်ခဲ့ပြီး ခိုင်မာ၍ ပြီးပြည့်စုံသော ဗိုင်းရပ်စ်ဆန့်ကျင်ရေး ဆောင်ရွက်ချက်များအား လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်ပြည်သူများရော တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ပါကစ္စတန်နိုင်ငံသားများပါ ဘေးကင်းစိတ်ချမှုရှိစေခဲ့ကြောင်း ပြောခဲ့သည်။

Great Indonesia Movement Party သို့မဟုတ် Gerindra ပါတီ၏ အထွေထွေဥက္ကဋ္ဌ၊ အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝူ စူဘီအန်တို (Prabowo Subianto) က ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု အရေးပေါ်အခြေအနေကို ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် ဆေးပညာအဖွဲ့အစည်းများထံမှ ကြီးမားသော အားထုတ်မှုများ ချက်ချင်း လုပ်ဆောင်ခဲ့ကြောင်း၊ အင်ဒိုနီးရှား ပြည်သူများနှင့် ၎င်းပါတီကလည်း တရုတ်နိုင်ငံ၏ ဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် အောင်မြင်ပါစေဟု ဆန္ဒပြုကြောင်း ပြောခဲ့သည်။

တူရကီနိုင်ငံ အာဏာရပါတီဖြစ်သော တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုပါတီ (AKP) ဒုတိယ ဥက္ကဋ္ဌ စီဒတ် ယီလ်မတ်ဇ် (Cevdet Yilmaz) ကလည်း နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် တရုတ်ပြည်သူများအား ကူညီရန် တူရကီ ပြည်သူများက အချိန်မရွေး အသင့်ရှိပါကြောင်း ၎င်း၏ သတင်းစကား၌ ဖော်ပြထားသည်။

ထို့ပြင် တောင်အာဖရိကနိုင်ငံ အာဏာရပါတီ အာဖရိကန် အမျိုးသား ကွန်ဂရက် (ANC) ပါတီ အထွေထွေ အတွင်းရေးမှူး အေ့စ် မက်ဂါရှူးလ် (Ace Magashule) ၊ ဗင်နီဇွဲလားနိုင်ငံ ယူနိုက်တက် ဆိုရှယ်လစ်ပါတီ ပထမ ဒုတိယ ဥက္ကဋ္ဌ ဒီယိုစဒါနို ကာဘဲလ်လို (Diosdado Cabello) ၊ ပေါ်တူဂီ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဂျဲရိုနီမို ဒီ ဆိုဆာ (Jeronimo de Sousa) ၊ ဘူလ်ဂေးရီးယားနိုင်ငံ သမ္မဟောင်း ရိုဆန် ပလိဗ်နီလက်ဗ် (Rosen Plevneliev) တို့ကလည်း ဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.