Connect with us

Social, Education & Health

COVID-19 ရောဂါ အပြင်းအထန်ရခဲ့သူ အသက် ၁ နှစ် အရွယ် ကလေးငယ်တစ်ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်း 

ရောဂါသက်သာပျောက်ကင်း၍ဆေးရုံဆင်းခွင့်ရခဲ့သူ ကလေးငယ်နှင့် ဆေးကုသရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) 

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ပြင်းထန်သူဟု တရုတ်နိုင်ငံတွင် ပထမဆုံး အတည်ပြုခံရသည့် ကလေးငယ်တစ်ဦးသည်  ဆေးကုသမှုခံယူပြီးနှစ်ပတ်အကြာတွင် ရောဂါသက်သာပျောက်ကင်း၍ ဖေဖော်ဝါရီ ၁၃ ရက်က ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

ရောဂါသက်သာပျောက်ကင်း၍ဆေးရုံဆင်းခွင့်ရခဲ့သူ ကလေးငယ်နှင့် ဆေးကုသရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

ရောဂါသက်သာပျောက်ကင်း၍ဆေးရုံဆင်းခွင့်ရခဲ့သူ ကလေးငယ်နှင့် ဆေးကုသရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

ရောဂါသက်သာပျောက်ကင်း၍ဆေးရုံဆင်းခွင့်ရခဲ့သူ ကလေးငယ်နှင့် ဆေးကုသရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

ရောဂါသက်သာပျောက်ကင်း၍ဆေးရုံဆင်းခွင့်ရခဲ့သူ ကလေးငယ်နှင့် ဆေးကုသရေးဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

အသက် ၁ နှစ် ၂ လကျော် အရွယ်သာရှိသေးသည့် ကလေးငယ်သည် ဝူဟန့်မြို့ ဟွမ်ဖီဒေသကဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်တွင် ၎င်းအား ဝူဟန့် ကလေးဆေးရုံ အရေးပေါ်ကုသရေးဌာနသို့ ဆေးကုသရန် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထို့နောက် အထူးကြပ်မတ်ကုသဆောင်တွင် သီးခြားထား၍ ကုသခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၆ ရက်တွင် ဆေးကုသရေး ဝန်ထမ်းများ၏ ဂရုစိုက်ကုသမှုဖြင့် ကလေးငယ်သည် အသက်ရှူအထောက်အကူပြု စက်ပစ္စည်းများကို ဖြုတ်နိုင်ခဲ့ပြီး ရောဂါသက်သာလာခဲ့ကြောင်း ၊ COVID-19 နှစ်ကြိမ်စစ်ဆေးမှုတွင်လည်း  negative ဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.