Connect with us

Social, Education & Health

တရုတ် နိုင်ငံ ဟူပေ ပြည်နယ် ပြင်ပ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19)အသစ် ဖြစ်ပွားမှုနှုန်း ၁၀ ရက် ဆက်တိုက် ကျဆင်း 

တရုတ် နိုင်ငံ အရှေ့ပိုင်း ကျန်းရှီး ပြည်နယ်ရှိ ဆေးရုံ တစ်ရုံ၌ သူနာပြု တစ်ဦးက ကုသဆောင်အတွင်းသို့ ဝင်ရန် ပြင်ဆင်နေမှုအား ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဟူပေ ပြည်နယ် ပြင်ပ၌ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19) ရောဂါ အသစ် ဖြစ်ပွားမှုနှုန်းမှာ ၁၀ ရက် ဆက်တိုက် ကျဆင်းလာကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်ထံမှ သိရသည်။

ရောဂါ ဖြစ်ပွားမှု အများဆုံး ပြည်နယ် ဖြစ်သည့် ဟူပေ ပြည်နယ် ပြင်ပ၌ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရောဂါ ဖြစ်ပွားသူ အသစ် စုစုပေါင်း ၂၆၇ ဦး ရှိကြောင်း ဖေဖော်ဝါရီ ၁၄ ရက် အထိ အချက်အလက်များ အရ သိရသည်။

ဟူပေ ပြည်နယ်၌ ရောဂါ ဖြစ်ပွားသူ ၄၈၂၃ ဦး အပါအဝင် ပြည်နယ် အဆင့် ဒေသ ၃၁ ခု ၊ ရှင်းကျန်း ထုတ်လုပ်မှု နှင့် တည်ဆောက်ရေးအဖွဲ့တို့မှ ရရှိသော စာရင်းများ အရ ဖေဖော်ဝါရီ ၁၃ ရက် အထိ ရောဂါ ဖြစ်ပွားသူ အသစ် ၅၀၉၀ ဦး ရှိကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်မှ သိရသည်။ (Xinhua)