Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
တရုတ်နိုင်ငံ တစ်နိုင်ငံလုံးမှ တရုတ်တိုင်းရင်းဆေး ကုသရေးဝန်ထမ်း ၂,၂၂၀ ဦး ဟူပေပြည်နယ်သို့ စေလွှတ်ထား - Xinhua News Agency
Connect with us

Social, Education & Health

တရုတ်နိုင်ငံ တစ်နိုင်ငံလုံးမှ တရုတ်တိုင်းရင်းဆေး ကုသရေးဝန်ထမ်း ၂,၂၂၀ ဦး ဟူပေပြည်နယ်သို့ စေလွှတ်ထား

တရုတ်တိုင်းရင်းဆေးကုသရေး ဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ တစ်နိုင်ငံလုံးမှ တရုတ်တိုင်းရင်းဆေး ကုသရေးဝန်ထမ်း ၂,၂၂၀ ဦးကို ဟူပေပြည်နယ်သို့ စေလွှတ်ထားရာ COVID-19 အတည်ပြုလူနာ ကုသရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား တိုင်းရင်းဆေးဝါး စီမံခန့်ခွဲမှုဦးစီးဌာန ကုသရေးအဖွဲ့အဖွဲ့ခေါင်းဆောင်နှင့် တရုတ်နိုင်ငံ အင်ဂျင်းနီးယားရင်း အကယ်ဒမီ(CAE)ပညာရှင်၊ တရုတ်တိုင်းရင်းဆေးသိပံ္ပ အကယ်ဒမီ အကြီးအကဲ ဟွမ်လုချီက ဖေဖော်ဝါရီ ၁၄ ရက်တွင် ဟူပေပြည်နယ် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။ 

တရုတ်တိုင်းရင်းဆေးသိပ္ပံ အကယ်ဒမီ၊ ပေကျင်း တရုတ်တိုင်းရင်းဆေးဝါးတက္ကသိုလ်၊ ကွမ်တုန်းပြည်နယ် တရုတ်တိုင်းရင်းဆေး ဆေးရုံနှင့် ထျန်းကျင်း၊ ကျန်းဆူး၊ ဟူနန်၊ ဆန်ရှီးစသည့် ပြည်နယ်ဒေသများရှိ တရုတ်တိုင်းရင်းဆေး ဆေးရုံများမှ ဆေးကုသရေးဝန်ထမ်းများကို အဖွဲ့ ၃ ဖွဲ့ ဖွဲ့ကာ ဟူပေပြည်နယ်သို့စေလွှတ်ခဲ့ကြောင်း ၊ ၎င်းတို့မှာ  ဝူဟန့် ကျင်းရင်ထန်ဆေးရုံနှင့် ဟူပေ တရုတ်တိုင်းရင်းဆေးနှင့်အနောက်တိုင်းဆေး ပူးတွဲကုသရေးဆေးရုံများတွင် ကုသရေးတာဝန်များကို ထမ်းဆောင်လျက်ရှိပြီး ကျန်းရှ ဖောင်းချန်း ဆေးရုံ၏ကုသရေးတာဝန်ကို တာဝန်ယူလက်ခံဆောင်ရွက်လျက်ရှိကြောင်း ဟွမ်လုချီက ပြောကြားခဲ့သည်။

တရုတ်တိုင်းရင်းဆေးကုသရေး ဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

တရုတ်တိုင်းရင်းဆေးကုသရေး ဝန်ထမ်းများအား တွေ့ရစဉ် (ဆင်ဟွာ) 

လက်တွေ့ကုသမှုများကို လေ့လာကြည့်မည်ဆိုလျှင် တရုတ်တိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေး ပေါင်းစပ်ကုသခြင်းသည် ရောဂါမပြင်းထန်သူများအတွက် အသက်ရှူကြပ်ခြင်း စသည်တို့ကို လျှင်မြန်စွာ ပျောက်ကင်းစေနိုင်ပြီး ရောဂါပြင်းထန်သူများအတွက် ကုသမှုအချိန်ကို လျော့နည်း စေကြောင်း၊ လက်ရှိတွင် ဟူပဒေသအတွင်း  COVID-19ရောဂါ အတည်ပြုလူနာများ၏ ကုသမှုတွင် တရုတ်တိုင်းရင်းဆေး၏ပါဝင်ကုသမှုပမာဏသည် ၇၅ ရာခိုင်နှုန်းနှင့်အထက်ရှိပြီး ကျန်ဒေသများတွင် ၉၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ 

ဟူပေဒေသတွင် တရုတ်တိုင်းရင်းဆေး၏ ကုသမှုအကျိုးများကြောင်း၊  တရုတ်တိုင်းရင်းဆေး ကုသရေးအဖွဲ့သည် ၎င်းဒေသ၏ အားပေးထောက်ခံမှုဖြင့် တရုတ်တိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေး ပေါင်းစပ်ကုသခဲ့ရာ ကုသမှုခံယူနေသည့် အတည်ပြုလူနာနှင့်သံသယလူနာ ၂၄၈ ဦးတွင် ရောဂါ သက်သာလာသူ ၁၅၉ ဦး ၊ ဆေးရုံဆင်းသူ ၅၁ ဦး၊ ဆေးရုံဆင်းရန် သတ်မှတ်ချက်နှင့်ကိုက်ညီ၍ ထပ်မံစောင့်ကြည့်ရန် လိုအပ်သူ ၂၂ ဦး ရှိကြောင်း သိရသည်။ (Xinhua)