Connect with us

Social, Education & Health

တရုတ်နိုင်ငံ နေရာဒေသအသီးသီးမှ ဟူပေပြည်နယ်သို့  အားဖြည့်ကူညီဆောင်ရွက်ရန် စေလွှတ်ထားသော ဆေးကုသရေးဝန်ထမ်း ၂၅,၆၃၃ ဦး ရှိ

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၁၅ ရက်က ဝူဟန့်မြို့တွင် ကျင်းပစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဒေသအသီးသီးမှ ဟူပေပြည်နယ်သို့ အားပေးကူညီဆောင်ရွက်ရန် စေလွှတ်ထားသော ဆေးကုသရေးဝန်ထမ်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် ည ၂၄ နာရီအထိ စုစုပေါင်း ၂၁၇ ဖွဲ့ ရှိပြီဖြစ်ပြီး အဖွဲ့ဝင် ၂၅,၆၃၃ ဦးရှိကြောင်း၊ ၎င်းအရေအတွက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)မှ စေလွှတ်သည့် တပ်ဖွဲ့နှင့်တပ်ဖွဲ့ဝင်များမပါသေးကြောင်း ကွန်မြူနစ်ပါတီအဖွဲ့ဝင် တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်  ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဟူပေပြည်နယ်ကော်မတီ အမြဲတမ်းကော်မတီဝင် ဝမ်ဟဲ့ဆန့်က  ယနေ့ ဝူဟန့်တွင် ကျင်းပသည့် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

ဟူပေပြည်နယ်သို့ လာရောက်အားပေးကူညီဆောင်ရွက်သော ဆေးကုသရေးအဖွဲ့များအနက် ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ဆေးကုသရေးအဖွဲ့၁၈၁ ဖွဲ့၊ ဝန်ထမ်း ၂၀,၃၇၄ ဦး ရှိပြီး ကျန်မြို့များ၌ ဆေးကုသရေးအဖွဲ့ ၃၆ ဖွဲ့၊ ဝန်ထမ်း ၅,၂၅၉ ဦး ရှိကြောင်း ဝမ်ဟဲ့ဆန့်က ဆိုသည်။ ထို့အပြင် ရွှေ့လျားနိုင်သော BSL-3 ဓါတ်ခွဲခန်း ၃ခုကို စုစည်းထားပြီဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ နေရာဒေသအသီးသီးမှ ဟူပေပြည်နယ်သို့  အားဖြည့်ကူညီဆောင်ရွက်ရန် လာရောက်သည့် ဆေးကုသရေးဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ)

COVID-19 ရောဂါ အတည်ပြုလူနာ နှင့် သံသယလူနာများကို အပြည့်အဝ တစ်စုတစ်စည်းတည်း ဆေးကုသမှုပေးရန်အတွက် ဆေးရုံများရှိသည့်လူနာဆောင်များကို နေရာ စီမံ ခန့်ခွဲခြင်း ၊ အဆောက်အဦအချို့ကို သတ်မှတ်ဆေးရုံနှင့် ဖောင်းချန်းဆေးရုံပုံစံပြုပြင်၍ လိုအပ်ချက်များအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ဖောင်းချန်းဆေးရုံပုံစံ ဆေးရုံ ၉ ခုရှိရာ ကုတင် စုစုပေါင်း ၆,၉၆၀ ကျော် ရှိပြီး လက်ခံကုသပေးလျက်ရှိသည့် လူနာ ၅,၆၀၆ ဦး ရှိကြောင်း ဝမ်ဟဲ့ဆန့်က ပြောကြားခဲ့သည်။

ရောဂါသက်သာပျောက်ကင်းမှုကို မြှင့်တင်၍ သေဆုံးမှုရာခိုင်နှုန်းကို လျှော့ချရာတွင် လက်ရှိတွင် ဆေးရုံအလိုက်၊ ပြည်နယ်အလိုက် သက်ဆိုင်ရာ ကုသရေးဌာနများကို တာဝန်ယူဆောင်ရွက်စေခြင်း ၊ ကုသရေးစနစ်အားလုံးကို အပြည့်အဝတာဝန်ယူဆောင်ရွက်စေခြင်း စသည့်ဆောင်ရွက်ပုံများနှင့် လူနာများကို တစ်စုတစ်စည်းတည်းကုသမှုပေးလျက်ရှိရာ ကျွမ်းကျင်ပညာရှင်များက ၎င်းတို့၏ ကဏ္ဍဆိုင်ရာ အားသာချက်များကို အပြည့်အဝ ပံ့ပိုးဆောင်ရွက်ပေးနေကြောင်း ၊ ကုသရန် ခက်ခဲသောလူနာများကို ဘက်စုံကုသပေးခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ကုသမှုနည်းလမ်းများကို ကောင်းမွန်ပြည့်စုံစေရန် မပြတ်ဆောင်ရွက်လျက်ရှိရာတွင် တရုတ်တိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေး ပေါင်းစပ်ကုသသည့်အားသာချက်ကို ကောင်းမွန်စွာ အသုံးချရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဒေသအသီးသီးမှ လာရောက်ကြသော ဆေးကုသရေးဝန်ထမ်းများသည်  ရောဂါ တိုက်ဖျက်ရေးတွင် အခက်အခဲမကြောက် ညည်းတွားစကားမဆိုဘဲ စေတနာမေတ္တာအပြည့်ဖြင့် စိတ်အားထက်သန်စွာ အားပေးကူညီဆောင်ရွက်လျက်ရှိကြကြောင်း ဝမ်ဟဲ့ဆန့်က ပြောကြားခဲ့ သည်။ (Xinhua)