Connect with us

Social, Education & Health

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် အခြေအနေတိုးတက်လာသဖြင့် ယာယီဆေးရုံများ ဖြည်းဖြည်းချင်း ပိတ်သိမ်းသွားမည်

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ယာယီဆေးရုံအဖြစ် ပြောင်းလဲထားသော ဝူဟန့်အားကစားစင်တာအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ မတ် ၄ ရက် (ဆင်ဟွာ)

နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားရာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ ယာယီဆေးရုံများကို ဖြည်းဖြည်းချင်းလျှော့ချသွားရန်နှင့် ရောဂါအတွက် သတ်မှတ်ထားသော ဆေးရုံအရေအတွက်ကိုလည်း လျှော့ချသွားရန် မျှော်လင့်ထားကြောင်း ဒေသခံအာဏာပိုင်များက မတ် ၃ ရက်တွင် ပြောကြားလိုက်သည်။

ပြည်နယ်အနေဖြင့် မြို့များစွာ၌ အတည်ပြုထားသည့် ရောဂါအသစ်ဖြစ်ပွားမှုများ အလွန်လျော့ကျပြီး တည်ငြိမ်လာသဖြင့် စီမံခန့်ခွဲမှုအတွက် မတူညီသော ရောဂါကူးစက်မှုရှိနိုင်ခြေများအပေါ် အခြေခံကာ နယ်မြေများအား ခွဲခြားသွားမည်ဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေးကော်မရှင် လက်ထောက် အကြီးအကဲ တုယွမ်ချောင်က ပြောကြားခဲ့သည်။

ဟူပေပြည်နယ်က တင်းကြပ်သော ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဆောင်ရွက်ချက်များကို ထိန်းသိမ်းပြီး ပုံမှန်ကျန်းမာရေးညွှန်ကြားချက်ကို တဖြည်းဖြည်း ပြန်လည်စတင်သွားမည်ဟု တုက ပြောခဲ့သည်။

ကော်မရှင်က ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သော ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် စိုးရိမ်ဖွယ်နှင့် ဆိုးဝါးဖွယ် အခြေအနေရှိသော လူနာများနှင့် အရေးပေါ် ကျန်းမာရေးလိုအပ်ချက်ရှိသူများအား ကုသပေးရန် ဆေးရုံများ သတ်မှတ်ထားကြောင်း တုက ဆိုသည်။

ဖေဖော်ဝါရီ ၂၈ ရက်အထိ ဝူဟန့်မြို့တွင် အားကစားခန်းမ၊ ပြခန်းစင်တာနှင့် အခြားအဆောက်အအုံများအား ဆေးရုံများအဖြစ် ပြောင်းလဲထားသည့် ယာယီဆေးရုံ ၁၆ ရုံတွင် အပို ကုတင် ၅,၀၀၀ ကျော် ထားရှိကြောင်း သိရသည်။

ဟူပေပြည်နယ်တွင် မတ် ၂ ရက်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုအသစ်ဖြစ်ပွားသူ ၁၁၄ ဦး ရှိကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.