Connect with us

Social, Education & Health

တရုတ်နိုင်ငံပြည်မကြီး၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၁၁၉ ဦးရှိကြောင်း အတည်ပြု

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ ဝူဟန့်ကလေးဆေးရုံကြီး၌ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရသူနှစ်ဦး နှင့်ကျန်းမာရေးဝန်ထမ်းများ အမှတ်တရဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်မကြီးတွင် မတ် ၃ ရက်က နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာအသစ် ၁၁၉ ရှိပြီး သေဆုံးသူ ၃၈ ဦးရှိကြောင်းကို အစီရင်ခံစာများ  အသီးသီးရရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ယနေ့မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

သေဆုံးသူများအနက် ၃၇ ဦးမှာ ဟူပေပြည်နယ်မှဖြစ်ပြီး ကျန်တစ်ဦးမှာ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။

ရောဂါသက်သာ၍ မတ် ၃ ရက်တွင် ဆေးရုံဆင်းခွင့်ရသူ ၂,၆၅၂ ဦးရှိခဲ့ကြောင်း ၊ တစ်ချိန်တည်းမှာပင် အပြင်းအထန်ဝေဒနာခံစားရမှုမှ သက်သာသွားသောလူနာ ၃၉၀ ဦးရှိခဲ့ရာ  ၆,၄၁၆ ဦးထိ လျော့ကျသွားခဲ့ကြောင်း သိရသည်။

မတ်လ ၃ ရက် နှောင်းပိုင်းအချိန်ထိ ပြည်မကြီးတွင် အတည်ပြုလူနာ ၈၀,၂၇၀ ဦးရှိခဲ့ပြီး ယင်းတို့ထဲတွင် ဆေးကုသမှုခံယူဆဲလူနာ ၂၇,၄၃၃ ဦး ၊ ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူ ၄၉,၈၅၆ ဦး နှင့် ရောဂါကြောင့် သေဆုံးသူ ၂,၉၈၁ ဦး အသီးသီးရှိကြောင်း သိရသည်။ 

လူပေါင်း ၅၂၀ ဦးမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သံသယရှိနေဆဲဖြစ်ကြောင်း ကော်မရှင်က ဆိုသည်။

ထို့ပြင် လူပေါင်း ၃၆,၄၃၂ ဦးမှာ အနီးကပ်ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုမှုအောက်တွင် ထားရှိဆဲဖြစ်ကြောင်း နှင့် မတ် ၃ ရက်တွင် လူပေါင်း ၆,၂၅၀ ဦးကို ကျန်းမာရေးစောင့်ကြည့်လူနာအဖြစ်မှ ကင်းလွတ်ခွင့်ပေးခဲ့ကြောင်း ကော်မရှင်က ဆက်လက်ပြောကြားခဲ့သည်။

မတ်လ ၃ ရက် နှောင်းပိုင်းအချိန်ထိ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) တွင် သေဆုံးသူ နှစ်ဦးအပါအဝင် ကူးစက်ခံရသူ ၁၀၀ ဦးရှိကြောင်း၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် အတည်ပြုလူနာ ၁၀ ဦး နှင့် ထိုင်ဝမ်၌ သေဆုံးသူတစ်ဦးအပါအဝင် ၄၂ ဦးကူးစက်ခံရကြောင်း အတည်ပြုခဲ့သည်။  

ဟောင်ကောင်၌ ၃၇ ဦး ၊ မကာအို၌ ၉ ဦး နှင့် ထိုင်ဝမ်၌ ၁၂ ဦး တို့သည် ရောဂါသက်သာပျောက်ကင်းပြီးနောက် ဆေးရုံမှ အသီးသီးဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။  (Xinhua)