Social, Education & Health
နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအကြောင်း ဂျပန်စစ်သားတစ်ဦး ရေးသားထားသော ဒိုင်ယာရီ ထွက်ရှိ
ရှန်းယန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)
၁၉၃၇ ခုနှစ်က ဂျပန်စစ်သားများကြောင့် လူပေါင်း ၃၀၀,၀၀၀ ခန့်သေဆုံးခဲ့ရသည့် နာမည်ဆိုးဖြင့် ကျော်စောသော နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအကြောင်း အသေးစိတ်အချက်အလက်များပါဝင်သည့် ဒိုင်ယာရီမှတ်တမ်း တစ်အုပ်အား တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Liaoning ပြည်နယ်၌ ပြုလုပ်သော ဆွေးနွေးပွဲတစ်ခုတွင် ပြသလိုက်ကြောင်း သိရသည်။
ဂျပန်စစ်သားတစ်ဦးက ၁၉၃၇ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ အဖြစ်အပျက်များအား ရေးသားထားသော စာမျက်နှာ ၁၉၈ မျက်နှာရှိ အဆိုပါ ဒိုင်ယာရီတွင် စာလုံးရေ ၃၀,၀၀၀ ကျော်ပါဝင်ပြီး နှစ်နှစ်တာကာလအတွင်း ၎င်းကိုယ်တိုင် ပါဝင်ခဲ့သည့် စစ်ပွဲများနှင့် တိုက်ခိုက်မှုများကို အသေးစိတ်ရေးသားထားသည်။
နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဆိုင်ရာ အသေးစိတ်အချက်များ ပါဝင်သော ဒိုင်ယာရီစာအုပ်သစ်အား တွေ့ရစဉ် (ဆင်ဟွာ)
ကျွမ်းကျင်သူများက ယင်းဒိုင်ယာရီမှန်ကန်ကြောင်း စစ်ဆေးအတည်ပြုခဲ့ပြီး တရုတ်နိုင်ငံတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့် ဆက်စပ်သောအပိုင်းများကို ဘာသာပြန်ခဲ့ကြကြောင်း ဒိုင်ယာရီစုဆောင်းသူ မော်ဝေက နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် ဆုံးရှုံးနစ်နာသူများအတွက် အမျိုးသားအောက်မေ့ဖွယ်နေ့ မတိုင်မီတစ်ရက်က ကျင်းပသော ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
“နန်ကျင်းမှာ ဒီဇင်ဘာလ ၁၂ ရက်ကစပြီးတော့ မီးခိုးမှောင်တွေ ဖုံးလွှမ်းနေခဲ့တယ်။ နေရာတိုင်းမှာ လောင်ကျွမ်းနေတဲ့ မီးတွေနဲ့ တောက်လောင်နေတယ်” ဟု ဒိုင်ယာရီတွင် ရေးသားထားသည်။ “ရန်သူတွေရဲ့ အလောင်းတွေက မြို့ပြင်ဂိတ်မှာ ပုံနေတယ်။ တိုက်ပွဲတွေက အင်မတန်များပြားပြီးတော့ မြို့တစ်ခုလုံးကို မီးလောင်ဒဏ်သင့်ခဲ့ပါတယ်”
“တရုတ်နိုင်ငံမှ ဂျပန်တို့ လုပ်ဆောင်ခဲ့တဲ့အမှုတွေအတွက် သက်သေအသစ်လည်း ဖြစ်တယ်” ဟု ခေတ်သစ်တရုတ်နိုင်ငံ သမိုင်းကြောင်းဆိုင်ရာ အရာဝတ္ထုများကို လေ့လာနေသော တရုတ် သမိုင်းပညာရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဝမ်ကျန့်ရွှဲက ပြောကြားခဲ့သည်။ (Xinhua)