Connect with us

Social, Education & Health

ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး ဆင်ဟွာနှင့် AFP တို့ သဘောတူ

ဆင်ဟွာ ဥက္ကဋ္ဌ ချိုင့်မင်ကျောက်နှင့် AFP ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Fabrice Fries တို့အား ဒီဇင်ဘာလ ၁၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆင်ဟွာသတင်းအေဂျင်စီနှင့် Agence France-Press (AFP) တို့သည် ဗီဒီယိုနှင့် မီဒီယာသစ် အပါအဝင် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် ဒီဇင်ဘာလ ၁၃ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။

ဆင်ဟွာ ဥက္ကဋ္ဌ ချိုင့်မင်ကျောက်နှင့် AFP ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Fabrice Fries တို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဆင်ဟွာရုံးချုပ်၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဆင်ဟွာနှင့် AFP အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည့် လွန်ခဲ့သည့် ဆယ်စုနှစ် ခြောက်ခုအတွင်း သတင်းနှင့် ဓာတ်ပုံဖလှယ်မှုကဏ္ဍ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုအား ချီးကျူးကာ Fries ၏ ခရီးစဉ်မှာ ဆင်ဟွာ-AFP ဆက်ဆံရေး မြှင့်တင်ရန် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ချိုင့်က ပြောကြားခဲ့သည်။

ချိုင့်သည် Fries အား မီဒီယာတွေ့ဆုံမှုနယ်ပယ်များနှင့် AI application ၌ ဆင်ဟွာ၏ မကြာသေးမီက တိုးတက်မှုကို အကြမ်းဖျဉ်း ရှင်းပြခဲ့ပြီး သတင်းဌာနနှစ်ခုအနေဖြင့် ဗီဒီယိုနှင့် မီဒီယာသစ်ကဲ့သို့သော နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်နိုင်ပြီး မီဒီယာပြုပြင်ပြောင်းလဲမှုမှ ဆောင်ကြဉ်းလာသော စိန်ခေါ်မှုများကို ပူးတွဲရင်ဆိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Fries ကသည် ဧပြီလက AFP တွင် တာဝန်ထမ်းဆောင်စဉ်ကစ၍ ဆင်ဟွာသို့ ပထမဆုံး ရောက်ရှိလာခြင်း ဖြစ်ပြီး ကာလရှည် တည်ငြိမ်လျက်ရှိသော ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

AFP က ဆင်ဟွာနှင့်အတူ ဓာတ်ပုံမှ ဗီဒီယို၊ အခြားသောနယ်ပယ်များတွင် နှစ်ဘက်ဆက်ဆံရေး ပိုမိုမြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.