Connect with us

Social, Education & Health

ဝူဟန့်ရှိ ဆေးရုံအတွက် ရောင်းသူမလိုသောဆေးဆိုင် ကုမ္ပဏီ တီထွင်

Suzhou XinHeng Automation Technology ကုမ္ပဏီလီမိတက်က တီထွင်ထုတ်လုပ်ထားသော ရောင်းသူမလိုသော တရုတ်တိုင်းရင်းဆေးဝါး (TCM) ဆေးဆိုင်အား တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံမှ COVID-19 လူနာများအတွက် တရုတ်တိုင်းရင်းဆေးဝါးများ (TCM) အလိုအလျောက် ထုတ်ပေးနိုင်သည့် ရောင်းသူမလိုသောဆေးဆိုင်တစ်ခုကို အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းဆေးဆိုင်ကို တီထွင်သည့် ကုမ္ပဏီ ပြောကြားချက်အရ သိရသည်။

ကျန်းဆူးပြည်နယ်ရှိ Suzhou XinHeng Automation Technology ကုမ္ပဏီလီမိတက်က တီထွင်ထုတ်လုပ်သော ၎င်းဆေးဆိုင်သည် အလျား ၂ မီတာ၊ အနံ ၀ ဒသမ ၆ မီတာနှင့် အမြင့် ၁ ဒသမ ၆ မီတာခန့်ရှိပြီး စုစုပေါင်းဧရိယာမှာ ၁ ဒသမ ၂ စတုရန်းမီတာရှိကြောင်း သိရသည်။ရောင်းသူမလိုသော TCM ဆေးဆိုင်သည် ကုမ္ပဏီက ယခင်တည်ဆောက်ခဲ့ဖူးသည့် လုံးဝအလိုအလျောက်စနစ်သုံး TCM ဆေးဆိုင်ထက် ပိုမိုအရွယ်အစားသေးငယ်သော ဆေးဆိုင်ဖြစ်ကြောင်း၊ ခေတ်မီဆေးဆိုင် ပြုလုပ်ရန်နှင့် ဝူဟန့်ရှိ ထူးခြားသောအခြေအနေနှင့် ပိုမိုသင့်လျော်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ လုဟိုင်ယင်က ပြောခဲ့သည်။

အဆိုပါ ဆေးဆိုင်သည် COVID-19 လူနာများ သောက်သုံးရန် ဆရာဝန်ညွှန်ကြားထားသော တိုင်းရင်းဆေးဝါး ၄၈ မျိုးကို ထုတ်ပေးနိုင်သည်ဟု ဆိုသည်။“တိုင်းရင်းဆေးဝါး တစ်ခွက်စာကို ငါးစက္ကန့်အတွင်း ပြင်ဆင်ထုတ်လုပ်ပေးနိုင်ပါတယ်” ဟု လုက ပြောသည်။၎င်းဆေးဆိုင်သည် ဆေးရုံများတွင် ဆေးဝါးကျွမ်းကျင်ပညာရှင်များ ရှားပါးမှုကို ကူညီပေးနိုင်မည်ဖြစ်ပြီး တစ်နေ့လျှင် လူနာ ၁,၁၀၀ ခန့်အတွက် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကာ ဆေးဝါးကျွမ်းကျင်ပညာရှင် ၆၀ ဦး၏ ၂၄ နာရီကြာ လုပ်အားနှင့် ညီမျှကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.