Connect with us

Social, Education & Health

တရုတ် နိုင်ငံအနှံ့၌ COVID-19 ရောဂါ အသစ် ဖြစ်ပွားမှု အရေအတွက် ကျဆင်းသွားကြောင်း တွေ့ရှိရ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ လေဆိပ်၌ ဆေးဝန်ထမ်းများ ဝူဟန့်မြို့သို့ သွားရောက်ရန် ပြင်ဆင်နေမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံအနှံ့ နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ အသစ် ဖြစ်ပွားမှု စုစုပေါင်း အရေအတွက်သည် တစ်ဖြည်းဖြည်း လျော့နည်းလာခဲ့ပြီး ကပ်ရောဂါ အခြေအနေမှာ တိုးတက်လာသော အပြုသဘောဆောင်သည့် လက္ခဏာကို ပြသနေကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ယနေ့ ပြောကြားခဲ့သည်။

“တစ်နိုင်ငံလုံးမှာ နေ့စဉ် ရောဂါ အသစ် ဖြစ်ပွားမှု အရေအတွက်က ဖေဖော်ဝါရီ ၁၂ ရက်မှာ အမြင့်ဆုံး ၁၅,၁၅၂ ဦး ရှိခဲ့ရာကနေ ဖေဖော်ဝါရီ ၂၀ ရက်မှာ ၉၀၀ အောက် အထိ လျော့ကျသွားပါတယ်။” အမျိုးသား ကျန်းမာရေး ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး ကျိန်းယိရှင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အတူ အဓိကရောဂါ ဖြစ်ပွားမှု ပြည်နယ် ဖြစ်သည့် ဟူပေ ပြည်နယ် ပြင်ပ၌ COVID-19 ရောဂါ အသစ် ဖြစ်ပွားသူ အရေအတွက်မှာ ဖေဖော်ဝါရီ ၃ ရက်တွင် ၈၉၀ ဦး အထိ အမြင့်ဆုံး ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၀ ရက်တွင် ၂၅၈ ဦးသို့ ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း ကျိန်းက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်ကတည်းက တရုတ်နိုင်ငံ၏ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ပြန်လည် ကောင်းမွန် လာသူ အရေအတွက်မှာ အသစ်ကူးစက်ခံရသည့် အရေအတွက်ထက် ပိုများလာခဲ့သည်မှာ သုံးရက် ဆက်တိုက် ရှိလာပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)