Connect with us

Social, Education & Health

COVID-19 စုံစမ်းစစ်ဆေးရန် WHO ကျွမ်းကျင်သူများ ဝူဟန့်မြို့သို့ရောက်ရှိလာ

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရှာဖွေသည့် ဓာတ်ခွဲခန်းတစ်ခုတွင် ဆေးဘက်ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)မှ ပူးပေါင်းပါဝင်သော ကျွမ်းကျင်ပညာရှင်အဖွဲ့၏ အဖွဲ့ဝင်အချို့သည် COVID-19 ကူးစက်ရောဂါအား စုံစမ်းစစ်ဆေးရန် ဖေဖော်ဝါရီ ၂၂ ရက်က ဝူဟန့်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကော်မရှင်က ပြောကြားခဲ့သည်။

အဆိုပါ ကျွမ်းကျင်ပညာရှင်များသည် ဝူဟန့်မြို့ကျန်းမာရေးအာဏာပိုင်များနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး ဝူဟန့်ရှိ ဆေးရုံဆေးခန်းများနှင့်ကျန်းမာရေးဌာနများသို့လည်း သွားရောက်ကြည့်ရှုမည် ဖြစ်ကြောင်း ကျန်းမာရေးကော်ရှင်က ဆိုသည်။ပူးပေါင်းကျွမ်းကျင်ပညာရှင်အဖွဲ့သည် တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၁၆ ရက်မှစတင်ကာ ၎င်းတို့၏ လုပ်ငန်းတာဝန်ကို စတင်ဆောင်ရွက်ခဲ့ပြီး ပေကျင်း ၊ ကွမ်တုန်း နှင့် စီချွန်းပြည်နယ်များတွင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)