Social, Education & Health
စုံတွဲပေါင်း ၉၆,၀၀၀ ရှိသည့် ကွမ်တုန်းပြည်နယ်တွင် ကလေး၂ ယောက်ယူခွင့်အား ခွင့်ပြု

ကွမ်ကျိုး၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
စုံတွဲပေါင်း ၉၆,၀၀၀ ခန့်ရှိသည့် တရုတ်ပြည် တောင်ပိုင်း ကွမ်တုန်းပြည်နယ်တွင် ကလေး၂ ယောက် ယူခွင့် အားခွင့်ပြုလိုက်ပြီဟု ဒေသတွင်းကျန်းမာရေးနှင့် မိသားစုစီမံကိန်းရေးဆွဲရေးမှ တာဝန်ရှိသူက ဇန်နဝါရီ ၁၃ ရက်နေ့က ပြောသည်။
ခွင့်ပြုမိန့်ကြောင့် လက်ရှိတွင် ဒေသတွင်း၌ ကလေး၂ ယောက်ယူခွင့် ရရှိမှာဖြစ်သည်။ တစ်အိမ်ထောင်ကို ကလေးတစ်ယောက် ယူခွင့်မူဝါဒမှ တရုတ်ပြည်အရှေ့ဘက် စီကျန်းပြည်နယ်တွင် ကလေး၂ယောက် ယူခွင့်အား ၂၀၁၄ ခုနှစ် ဇန်နဝါရီ တွင်စတင် ဆောင်ရွက်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ကွမ်တုန်းပြည်နယ်တွင် ကလေး၂ ယောက်ယူခွင့် အသနားခံ လျှောက်လွှာများအား လက်ခံခဲ့သည်။
ပြီးခဲ့သည့်နှစ်ထက် ယခုနှစ်တွင် ကလေး၂ယောက်ယူခွင့်ပြုရန် လျှောက်လွှာများ ပိုမိုလက်ခံ ရရှိနိုင်ချေ ရှိသည်ဟု အမျိုးသားကျန်းမာရေးနှင့် မိသားစု စီမံ ကိန်း ရေးဆွဲရေး ကော်မရှင် က ပြောကြားသည်။
တစ်ပြည်လုံးတွင် ကလေး၂ ယောက်ယူချင်သည့် စုံတွဲပေါင်း တစ်သန်းရှိသည်။ (Xinhua)
