Connect with us

Social, Education & Health

တက္ကသိုလ်ကျောင်းများ၌ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မတီဖွဲ့စည်း

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ဆိုင်းဘုတ်အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

တက္ကသိုလ်ကျောင်းများ၌ ယခု ပညာသင်နှစ်တွင် ကျောင်းသားများ ငြိမ်းချမ်းစွာ ပညာ သင်ကြားနိုင်ရေးအတွက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက် ကြောင်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာမာလာအောင် က ပြောကြားသည်။

အဆိုပါ ကော်မတီတွင် တက္ကသိုလ်ကျောင်းများ၏ ပါမောက္ခချုပ် ၊ဒုတိယ ပါမောက္ခချုပ်များက နာယကအဖြစ် တာဝန်ယူပြီး ဥက္ကဌ၊ အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် (၂၂) ဦး ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ယင်းအဖွဲ့ကို ရန်ကုန်မြို့နှင့် အနယ်နယ်အရပ်ရပ်ရှိ ကျောင်းသား သပိတ်များ ပေါ်ပေါက်လာပြီး နောက်တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ကျောင်းများရှိ ကျောင်းသားများ၏ လုံခြုံရေးကိစ္စများ၊ စည်းကမ်း ဖောက်ဖျက်မှုများကို အဆိုပါအဖွဲ့မှ ဆောင်ရွက်မည်ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117