Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်မှုအပေါ် ထောက်ခံသည့် BRICS ၏ ကြေညာချက်အား ဂုဏ်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား - Xinhua News Agency
Connect with us

Social, Education & Health

တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်မှုအပေါ် ထောက်ခံသည့် BRICS ၏ ကြေညာချက်အား ဂုဏ်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပြောကြား

တရုတ်နိုင်ငံ ရှမန်မြို့တွင် ပြုလုပ်သည့် ၉ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး လိုဂိုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုင်ဗယ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်မှုအပေါ် ထောက်ခံကြောင်း BRICS အဖွဲ့ ဥက္ကဋ္ဌနိုင်ငံ၏ ကြေညာချက်အတွက် ဂုဏ်ပြုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကိန်းစွမ်က ဖေဖော်ဝါရီ ၁၂ ရက်တွင် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယခုနှစ် BRICS (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံများပါဝင်သော အုပ်စု) ၏ ဥက္ကဋ္ဌဖြစ်သော ရုရှားနိုင်ငံက ကပ်ရောဂါတိုက်ဖျက်ရေးတွင် “တရုတ် အစိုးရ၏ ခိုက်မာသော ကတိကဝတ်နှင့် ပြတ်သားသော အားထုတ်ကြိုးပမ်းမှုများ” အပေါ် ထောက်ခံကြောင်း BRICS အဖွဲ့ဝင်နိုင်ငံများ ကိုယ်စား ဖေဖော်ဝါရီ ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်တွင် ဒေသတွင်းနှင့် ကမ္ဘာ့ကျန်းမာရေး လုံခြုံစိတ်ချမှုကို ကာကွယ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မူဘောင်အတွင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းလုပ်ဆောင်မှုအတွက် တိုက်တွန်းခဲ့ပြီး ရောဂါဖြစ်ပွားမှုကို တုံ့ပြန်နေစဉ် ခွဲခြားဆက်ဆံမှု၊ ကဲ့ရဲ့ပြောဆိုခြင်းနှင့် လွန်ကဲစွာ တုံ့ပြန်ခြင်း စသည်တို့ကို ရှောင်ရှားရန်မှာ အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့သည်။

BRICS အဖွဲ့ဝင်နိုင်ငံများသည် တရုတ်နိုင်ငံအတွက် အရေးကြီးသော မိတ်ဖက်များဖြစ်ကြောင်း၊ ၎င်းကြေညာချက်သည် အကောင်းမြင်၍ အပြုသဘောဆောင်သော သတင်းစကားဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံချီးကျူးခြင်းဖြစ်ကြောင်းနှင့် အများပြည်သူ ကျန်းမာရေး လုံခြုံစိတ်ချမှု ကာကွယ်ရာတွင် ကြီးမားသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပြောကြားခြင်းဖြစ်ကြောင်း ကိန်းက ဆိုသည်။“ကျွန်ုပ်တို့အနေနဲ့ ကပ်ရောဂါ တိုက်ဖျက်ရေးနှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး လုံခြုံမှု ကာကွယ်ရန် BRICS အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အတူတကွ ဆက်လက်လုပ်ဆောင်သွားမယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ် ကိန်းက ပြောကြားခဲ့သည်။ (Xinhua)