Connect with us

Social, Education & Health

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် COVID-19 လူနာများအတွက် နောက်ထပ်ဆေးရုံတည်ဆောက်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လေးဆန်ဆန်းဆေးရုံ၏ အတွင်းပိုင်းမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုမြင့်မားသည့် နေရာများအနက် တစ်ခုဖြစ်သော ရှီဆွေနယ်မြေတွင် အချိန် ၇ ရက်အတွင်း ဆေးရုံတစ်ရုံ ပြန်လည်တည်ဆောက်ရန် လျာထားခဲ့ကြောင်း သိရသည်။

၎င်းသည် နယ်မြေအတွင်းရှိ တည်ဆောက်နေဆဲ မိခင်နှင့် ကလေးစောင့်ရှောက်မှုဆေးရုံသစ်ကို COVID-19 လူနာများအတွက် သတ်မှတ်ထားသော ယာယီဆေးရုံအဖြစ် ပြန်လည်တည်ဆောက်မည့်ဆေးရုံဖြစ်သည်။ အဆိုပါ ဆေးရုံတွင် ခန့်မှန်းခြေ ကုတင် ၂၀၀ ခန့် ဝင်ဆံ့နိုင်မည်ဖြစ်ပြီး တစ်ပတ်အတွင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း ရှီဆွေနယ်မြေ ဗိုင်းရပ်စ် ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနချုပ်က ပြောခဲ့သည်။ဆေးရုံပြန်လည်တည်ဆောက်ခြင်းကို ဖေဖော်ဝါရီ ၁၁ ရက်ကတည်းက စတင်ခဲ့ပြီး မြောက်များစွာသော မြေတူးစက်၊ ဝန်ချီစက်များ၊ အလုပ်သမား ၁၀၀ နီးပါးဖြင့် အချိန်နှင့်အမျှ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117